Extra-1

123 20 2
                                    

ဒီနေ့တော့ ထယ်ရယ်တို့အိမ်မှာပဲ ဒိတ်လုပ်ကြသည်။
ထယ်ရယ်က နေ့လယ်ထမင်းတူတူစားဖို့ခေါ်လိုက်ပေမယ့် မနက်၁၀နာရီကတည်းက ဂွန်းနုကတက်တက်ကြွကြွဖြင့် ရောက်ချလာသည်။ ထမင်းစားချိန်လဲမရောက်သေးတာမို့
နှစ်ယောက်သားဧည့်ခန်းထဲက ဆိုဖာပေါ် မျက်နှာချင်းဆိုင်လှည့်ထိုင်ကာ အပျင်းပြေကစားနေကြသည်။

"မရဘူး နဖူးတောက်ကြေးပဲဆော့မယ်

"နဖူးတောက်ကြေးကမကောင်းပါဘူးဆို ကိုကိုကလည်း
အာဘွားပေးကြေးပဲဆော့မယ်

"နဖူးတောက်ကြေးပဲဆော့မာလို့

"မရဘူး အာဘွားပေးကြေး

"နဖူးတောက်ကြေးပဲ
"အာဘွားပေးကြေး
"နဖူးတောက်ကြေးလို့
"အာဘွားပေးကြေးပဲဆော့မာ

စကားဝိုင်းသည်တစ်ဖြေးဖြေးခက်ထန်လာကာ ခေါင်းချင်းဆိုင်ပြီး
ငြင်းခုံနေကြသည်။ မကြီးမငယ်နဲ့ စုံစမ်စိကစားပြီး ရှုံးတဲ့သူ ဘာလုပ်ကြေးဆော့မယ်ဆိုတာ ပြိုင်ပြောနေကြတဲ့သူနှစ်ယောက်။ မသိတဲ့သူဆို ထသတ်ကြတော့မလားလို့တောင်ထင်နိုင်တယ်။

"နဖူးတောက်ကြေးပဲဆော့မာပါဆို

"မရဘူးဗျာ အာဘွားပေးကြေးပဲ

"ဘတ် ဂွန်းနု !! " ထယ်ရယ်ကထိုင်နေရာက ထရပ်ကာ အော်ပြောတော့ အလျှော့ပေးရသူကဂွန်းနု။

"ကဲပါ ဒါဆိုလဲဒီလိုလုပ်မယ်လေ။ ကိုကိုနိုင်ရင် ကျွန်တော့်ကိုနဖူးတောက်၊ ကျွန်တော်နိုင်ရင် ကိုကို့ကိုအာဘွားပေးမယ်

"ဘာဖြစ်လို့အဲ့လောက် အာဘွားပေးကြေးပဲဆော့ချင်နေတာလဲ တစ်ကယ်ပဲ။ နဖူးတောက်ကြေးကမှ ပြိုင်ပွဲရဲ့အရသာကို

"ဟင်း ကိုကိုကရှုံးလဲနစ်နာမှာကျလို့

"ဟာ နစ်နာတာပေါ့ကွ ။ မင်းကနမ်းရင်"

"နမ်းရင်ဘာဖြစ်လဲ

"တော်တော်နဲ့မှမလွှတ်ပေးတာ

ထယ်ရယ်လဲရှက်ကိုးရှက်ကန်း တိုးတိုးလေးပြောလိုက်တာကို
ဂွန်းနုကကြားဖြစ်အောင်ကြားပါသေးတယ်။ ထယ်ရယ်ပြောတာလဲ မှန်နေတာမို့။ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ သူ့ကိုကို
ကိုကြည့်ရင်း သဘောတကျနဲ့ တဟားဟားရယ်တော့
မျက်စောင်းလှလှလေးက သူ့ဆီကျရောက်လာသည်။

My Tiny Teacher Where stories live. Discover now