EP-1

1.2K 67 13
                                    

*****

အင်ချွန်းမြို့ ‌ဂျွန်းဘူရဲစခန်း၏ ခေါင်မိုးထပ်တွင် ပူပြင်းသည့် နေရောင်ခြည်အောက်၌ လူရိပ်နှစ်ခုက လှုပ်ရှားလျက်ရှိနေသည်။။ ပူလွန်းသည့် ရာသီဥတုဖြစ်သည့်အပြင် နေ့လည်စာစားချိန် ရောက်နေတာကြောင့် သက်ဆိုင်ရာ စားသောက်ဆိုင်များသို့ ရောက်ရှိနေကြပြီး စခန်းအတွင်း လူအနည်းငယ်သာ အနားယူလျက်ကျန်ရှိနေသည်။ ခေါင်မိုးထပ်တွင်တော့ ထိုလူနှစ်ယောက်သာ

"ရဲမှူးဂင် ..ကျွန်တော် တောင်းပန်ပါတယ် ဒီတိုင်းကျော်သွားပေးလို့ရမလား"

ခေါင်းငုံ့လျက် တောင်းပန်တိုးလျှိုးနေသူမှာ အင်္ကျီကော်လံအား ဆွဲမခံလိုက်ရပြီး ဆွဲထိုးခံလိုက်ရသည်။သို့သော် အမှုမထားနိုင် ‌အောက်သို့ ပစ်လဲသွားရမှ ဒူးတုပ်ထောက်ထားပြန်သည်။

"ကျော်သွားပေးဖို့ စကားကို အခုအခြေအနေမှာ ပြောထွက်နိုင်သေးတာလား စုံထောက်ပတ် ? ကျွန်တော့် နာမည်အလွဲသုံးစားလုပ်ပြီး လာဘ်စားထားတာကိုလေ "

"‌တကယ်တောင်းပန်ပါတယ် .. ဒါပေမယ့်လည်း ကျွန်တော် အလုပ်ပြုတ်လို့ မဖြစ်လို့ပါ။ ကျွန်တော့်သားအခြေအနေလည်း ရဲမှူးဂင်သိတဲ့အတိုင်းပဲ ရုတ်တရက် ဖြစ်သွားတဲ့ ခွဲစိတ်ခအတွက် ဘယ်လိုမှ ရွေးချယ်စရာ မရှိတဲ့ အခြေအနေဖြစ်နေလို့"

"ဒီတော့ ကျွန်တော့်ကို ခေါင်းခံဖို့ ပြောနေတာပေါ့"

မင်ဂယူး တကယ်ကို အော်ဂလီဆန်လာပြီဖြစ်သည်။ "ပိုက်ဆံ"တဲ့၊ နှစ်အတန်ကြာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်တူကိုယ်တူ အလုပ်လုပ်လာပြီးမှ နောက်ကျောဓားထိုးသွားတာ နောက်ဆုံးတော့ ပိုက်ဆံကြောင့်တဲ့။ စုံထောက်ပတ်ကို တကယ်အံ့ဩသည်။

ဖြစ်စဉ်ကား အကောင်ကြီးကြီးတစ်ကောင်၏ တရားမဝင်လုပ်ငန်းများကို လိုက်ရင်း အမှုနိုင်ခါနီးမှ ပြဿနာတက်နေတာဖြစ်သည်။ မင်ဂယူး အိုင်ဒီဖြင့် အသစ်လုပ်ထားတာမကြာသေးသော ဘဏ်အကောင့်ထဲသို့ ပမာဏမနည်းသောငွေများ ရောက်နေခြင်းကြောင့် ရဲဘက်သို့ပါ အမှုလာပတ်နေပြီး ရှုပ်ထွေးကုန်သည်။

Let's Break Out The RulesWhere stories live. Discover now