EP-7

518 65 17
                                    

*****

အခုတလော နေရထိုင်ရတာ သိပ်မသက်သာလှ။ ဟုန်းဂျီဆူးနဲ့ ပြဿနာတက်သမျှလူတွေအကုန် တစ်ခုမဟုတ်တစ်ခုဖြစ်နေကြတာကို သတိထားမိနေသည်။ အရိုးအကြောဌာနက စီနီယာတစ်ယောက်ဆို ဟုန်းဂျီဆူးတို့လိုလုပ်သက်ရှိသည့်ဆရာဝန်‌တွေကိုတောင် သူ့ဂျူနီယာဆိုသည့်နိုင်ကွက်နှင့် ဆူလားဟောက်လား ငေါက်လားငမ်းလား လုပ်လွန်းတာ အလွန်ပင်။ မခံနိုင်လို့ ဟိုတစ်နေ့က တစ်ယောက်တစ်ခွန်းစကားများကြရင်း ပြဿနာဖြစ်ကြတာ ခုတော့ ဘယ်လိုဖြစ်လဲမသိပါ။ ဆေးရုံကဆေးတွေ အပြင်ကို ခိုးပြီးထုတ်ရောင်းတာတွေမိ၍ ဆေးရုံအုပ်နဲ့ပြဿနာဖြစ်နေပြီ။

ဆေးရုံမှာကလည်း သူ့အုပ်စု ကိုယ့်အုပ်စုကရှိသေးတော့ အချင်းချင်းလည်း တစ်ခါလေ အပြစ်ပုံချ စမန်ခုတ်ကြနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်။ roundလှည့်ရင်း လူနာတစ်ယောက်ကို ပေးထားတဲ့ဆေးကမမှန်လို့ဆူမိတာကို အကန်တွေပြောသွားသည့်တစ်ယောက်ကလည်း ညအပြန် လမ်းမှာ အရိုက်ခံလိုက်ရသည်။မေးကြည့်စရာမလိုပဲ ချွဲဆွန်းချောလက်ချက်မှန်းသိသာနေတာ တအား။ စိတ်ကျဉ်းကျပ်ရအောင် သိပ်လုပ်သည့်လူ။ သူ့မှာ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ရဲတော့ ...

"ဟုန်းဂျီဆူး ... ငါတို့တော့ အလုပ်သစ်ရှာရမယ်ထင်တယ်ကွာ "

" ဘာဖြစ်လို့လဲ "

" ငါတို့ဆေးရုံကို ရောင်းလိုက်ပြီလေ ဘာတွေဆက်ဖြစ်လာမလဲမသိတော့ဘူး ... သတင်းသိုးသိုးသန့်သန့်ထွက်နေတာ တစ်ပတ်လောက်ရှိပြီဆိုပေမယ့် ခုလောက်မြန်လိမ့်မယ်လို့ မထင်ထားတာ အမှန်ပဲ ... "

" အရေးပေါ်ပြဿနာရှိလို့လားကွာ "

" သိတဲ့အတိုင်း ငွေပေါ့ကွာ .... ဆေးရုံအုပ်ကလည်း သူ့သမီးပညာရေးအတွက် ချေးငွေတွေပါယူပြီးရင်းနှီးထားတာဆိုတော့ ငွေရပေါက်အကုန်ဆွဲထားတာထင်တယ် ... ဆေးရုံရောင်းလိုက်တာလည်းအချီကြီးပွသွားပုံရတယ် ... ငါတို့လို ပုဂ္ဂလိက ဆရာဝန်တွေကတော့ ပညာနဲ့ ကျန်တဲ့နေရာဝင်တိုးလို့ရပေမယ့် အငယ်တန်းက ဝန်ထမ်းလေးတွေတော့ ဘယ်လိုလုပ်ကြမလဲ.. ထည့်တောင် မတွေးပေးဘူး "

Let's Break Out The RulesWhere stories live. Discover now