EP-6

859 65 44
                                    

*****

“အကိုကြီး ဆေးရုံမဆင်းသေးဘူးလား ”

“အေး တစ်ပတ်လောက် ဆက်နေဦးမယ်”

“တစ်လကျော်နေပြီလေ ဆက်သာနေရင် နှစ်လပြည့်‌တော့မယ် အပြီးသာပြောင်းလာလိုက်ပါတော့ ...”

ထုတ်မပြောရဲ၍ စိတ်ထဲကသာအော်ဟစ်လိုက်သော စကားပါချေ။ ဟိုရှီ တကယ်စိတ်အချဉ်ပေါက်နေပြီ။

ဆေးရုံဆင်းလို့ ရနေပြီကို တမင်မဆင်းပဲ အချိန်ဆွဲနေတာကြောင့် ဆေးရုံမှာ သောင်တင်နေတာပဲ တစ်လကျော်၍ နှစ်လနီးပါးရှိပြီ။ အခုဆို အကိုကြီး ဓားနဲ့အထိုးခံထားရတာကို တစ်ခြားဂိုဏ်းတွေဘက်အထိ သတင်းထွက်နေလို့ ပြောင်တာလိုလို လှောင်တာလိုလိုလုပ်နေကြသေးသည်။ ဓားနှင့်ထိုးသွားသည့်လူကလည်း အကိုကြီးကသာ ခံလိုက်ရသူမို့မြင်ဖူးလိုက်ပြီး ကျန်တာ ဘာအစအနမှမရ။ ခေါင်းဆောင်အထိ တက်ပြီး လက်သရမ်းကာ ဇောင်းကြွသွားတာမို့ ရအောင်ရှာ၍ လက်တုံ့ပြန်ရန်မစဉ်းစားပဲ အခုတော့ ဆေးရုံက ဆရာဝန်လေးကိုမြင်ပြီးကတည်းက အီစီကလီရိုက်နေတော့သည်။

ဟိုရှီတို့အိမ်ကလူတွေလည်း ဘယ်လိုတောင်ဖြစ်နေကြလို့ အပမှီသလိုလို အောက်လမ်းထိတာလိုလို အရူးအမူးဖြစ်နေကြမှန်းမသိပါ။ အငယ်လေးကလည်း ကိုယ့်မိသားစုအလုပ်မှ အားမနာ ကြံကြံဖန်ဖန် ရှာရှာဖွေဖွေ ရဲအသိုင်းအဝိုင်းထဲကလူကို ကြိုက်နေတာ ဆေးမိထားသည့်အတိုင်း။ အကိုကြီးကလည်း အငယ်လေးလိုသာ ရုပ်ပျက်မနေတာ ဆေးရုံဆင်းမည့်အရေး မဆင်းနိုင်... ထိုဆရာဝန်၏ နောက်ကြောင်းရာဇဝင်အထိ မွှေနှောက်ပြီး ချွဲဂွန်းရဲ့ မိသားစုဆရာဝန်ပြောင်းမယ် တကဲကဲ ....

“အကိုကြီး ခွဲစိတ်ရတဲ့ညက အငယ်တွေဒေါသထွက်ပြီး ဂယ်ဒုံးဂိုဏ်းကို ဝင်စီးတာ ... ဒါပေမယ့်  အကိုကြီးကိစ္စကို သူတို့လည်း အဲ့ဒီအခါမှသိတာဆိုတော့ အကိုကြီးကိုလုပ်တာ ဒီကောင်တွေထဲကလည်း မဖြစ်နိုင်ဘူး ...  မျက်နှာကို မှတ်မိတယ်မလား ၊ ကျွန်တော် ချက်ချင်းရှာခိုင်းပြီး လက်စဖျောက်ပစ်လိုက်မယ် ဒီအတိုင်းတော့လွှတ်မထားနိုင်ဘူး”

Let's Break Out The RulesWhere stories live. Discover now