Shen Ricky is sick and Kim Gyuvin ditched everything just to take care of him.
࿊࿊࿊࿊࿊
"Seungeon-na.!! Ricky ကိုတွေ့မိသေးလား"
မနက် 8 နာရီ မနက်စာစားဖို့ အရောက်လာပါမှာထားတာကို 8:30 အထိပေါ်မလာတဲ့ Ricky ကြောင့် Over Me ရယ် En Garde ရယ် နှစ်ဖွဲ့ပေါင်းကာ Camp တစ်ခွင် ပြဲပြဲစင်အောင် လူပျောက်လိုက်ရှာနေရသည်။
"Hyung တို့.! Ricky Hyung ကဖျားနေတယ်"
"ဘာ..!!"
အငယ်ဆုံးလေး Yujin ရဲ့စကားကြောင့် သူတို့တစ်အုပ်လုံး စင်္ကြံတစ်လျှောက် တွေ့သမျှအကုန်ဝင်တိုက်ရင်း Ricky အဆောင်ခန်းဆီ ပြန်ပြေးရတော့သည်။
*ဒုန်း*
"What the..!!"
ကုန်းရုန်းထနေပုံရတဲ့ Ricky က သူ့ရဲ့တံခါးဆောင့်ဖွင့်သံလဲကြားရော လန့်သွားပုံရကာ လက်တစ်ဖက်ထောက်ပြန်လဲသွားသည်။
"လန့်လိုက်တာ ဘာဖြစ်လာကြတာလဲ"
ခုမှနိုးကာစမို့ ဆံပင်တွေကထိုးထောင်ကာ ပွရှုပ်နေသည်။ မျက်နှာနုနုလေးက လန်းဆန်းနေရမယ့်အစား နေမကောင်းတာကြောင့်ထင်၏၊ အနည်းငယ် ညှိုးနေသယောင်။
"Quan နေမကောင်းဘူးဆို..?"
"ခေါင်းလေးနည်းနည်းကိုက်နေတာ Ge"
Ricky နဲ့ ပိုရင်းနှီးတဲ့ Hao Hyung က ကုတင်ပေါ်ဝင်ထိုင်ရင်း နဖူးလေးကိုစမ်းလိုက်၊ လည်ပင်းလေးကိုစမ်းလိုက်နဲ့ အဖျားတိုင်းတော့ နှုတ်ခမ်းလေးကိုဆူကာ ခေါင်းလေးမော့ပေးထားပြန်သည်။
"ခေါင်းကိုက်ရုံနဲ့တော့ ကိုယ်ကဒီလောက်မပူဘူး Quan ခုကပူခြစ်နေရောပဲ ဒီနေ့တော့နားလိုက်တော့"
"Ge ကလဲ သုံးရက်ပဲကျန်တော့တာကို မနားချင်ပါဘူး"
"စကားနားထောင် Quan ပိုဖျားသွားကာမှ မဖျော်ဖြေလိုက်ရပဲနေမယ်"
ဆူပုတ်ပုတ်နဲ့ မျက်လွှာလေးချထားတဲ့ Ricky ရယ်၊ လက်ပိုက်ကာ လက်ညိုးတစ်ထိုးထိုးနဲ့ ပြောနေတဲ့ Hao Hyung ရယ်က ကြည့်တာနဲ့ကို မလွဲမသွေ အမေနဲ့သားလိုပင်။
"ဘာစားချင်တာရှိလဲ Ge ဘာလုပ်ပေးခဲ့ရမလဲ"
"ဘာမှမလုပ်နဲ့ Ge ရတယ် ဗိုက်ဆာမှ Gyuvin အိတ်ထဲက ခေါက်ဆွဲတစ်ဘူးသွားမလိုက်မယ်"
YOU ARE READING
Ricky and The Prince Charmings
FanfictionShen Ricky and his Prince Charmings aka the whole Zerobaseone