Always picking fights 'Han Yujin' , and always apologising for him 'Shen Ricky'.
◌◌◌◌◌
Ricky ရဲ့ကြာသပတေးနေ့ မနက်ခင်းလေးဟာ မျက်တွင်းဟောက်ပက်နဲ့ သာယာနေတာ Park Gunwook ဆိုတဲ့ Archi ပထမနှစ်က ဂျူနီယာလေးရဲ့ 'စီနီယာ..!!' ဆိုတဲ့ အော်သံနက်နက်ကြီး မကြားရသေးခင်အထိ။
"Han Yujin ရန်ဖြစ်နေပြန်ပီ"
"ထားလိုက်၊ အဲ့ကောင်လေးကအဲ့လိုပစ်ထားပေးမှရမှာ"
"ဟာ စီနီယာကလဲ.! တော်ရုံဆိုကျွန်တော်လာမပြောဘူး။ ခုဖြစ်နေတာက Yoon စီနီယာနဲ့ဗျ.!"
"ဘယ်သူ.?"
Lab Coat အဖြူလေးကိုနုနုရွရွဝတ်နေတဲ့ နိုးတစ်ဝက်အိပ်တစ်ဝက်စီနီယာကို Gunwook သိပ်စိတ်မရှည်တော့။ ဒီလောက် Yoon စီနီယာဆိုရင် Campus တစ်ခုလုံးသိတာကို ဒီစာဂျပိုးစီနီယာကမသိတာတော့မဖြစ်နိုင်။
"Yoon Jongwoo စီနီယာနဲ့ဗျ.!"
"Yoon Jongwoo နဲ့.!"
ကျောင်းအုပ်ကြီးတောင်မနိုင်လို့ လွှတ်ထားရပြီး ပဉ္စမနှစ်မှာတင် လေးခါလောက်ကျထားတဲ့ စီနီယာနဲ့တောင် သွားရန်ဖြစ်ရဲတဲ့ Han Yujin ကြောင့် အနာဂတ်ဆရာဝန်လောင်းလေး Ricky မှာ ရှိသမျှဆံပင်မွှေးတွေ အကုန်ထောင်သွားသလိုခံစားလိုက်ရ၏။
"ဘယ်မှာလဲ.? ဘယ်နားမှာလဲ.?"
"စတုတ္ထထပ်မှာစီနီယာ"
စကားလဲဆုံးရော အဖြူရောင်ကုတ်လေးလွှင့်နေအောင် ပြေးသွားတာမို့ Gunwook နည်းနည်းတော့စိတ်ဆိုးချင်သွားသည်။ ဘာလဲ၊ တကူးတကလာပြောရတဲ့လူကို ကျေးဇူးတင်စကားလေးတောင် မပြောသွားဘူး။
"Han Yujin.!!"
လုံးထွေးနေတဲ့အဆင့်ထိတော့ မရောက်သေးပင်မယ့် တစ်ယောက်အင်္ကျီစတစ်ယောက်ဆွဲကာ လက်တပြင်ပြင်ဖြစ်နေကြတဲ့ အခြေအနေထဲကနေ Yujin ကို Ricky တော်တော်လေးဆွဲလိုက်ရသည်။
"Yujin တော်တော့.!"
လက်နှစ်ဖက်ကနေဆွဲချုပ်ပြီး အတင်းဆွဲလှည့်နေတာတောင် အားသန်လှတဲ့ ၁၉ နှစ်သားက ပြန်ရုန်းရုန်းထွက်သွားရင် Ricky ခန္ဓာကိုယ်ပါပြန်ပါသွားရသည်။
"ကျွန်တော့်ညီလေးအစား ကျွန်တော်တောင်းပန်ပါတယ်စီနီယာ"
နှစ်ယောက်ကြားထဲ အတင်းတိုးဝင်ရင်း Ricky တောင်းပန်စကားဆိုတော့မှ အနည်းငယ်လူခွဲသွား၏။
YOU ARE READING
Ricky and The Prince Charmings
FanfictionShen Ricky and his Prince Charmings aka the whole Zerobaseone