"I can change him" - Shen Ricky
"I'll change for him" - Han Yujin
ϿϿϿϿϿ
"မား.! ဒါကြီးကတော့ မဟုတ်သေးတာကြီး"
"Xingrui.! တိတ်တိတ်နေစမ်း.! နင့်အကိုကတောင်ဘာမှမပြောနေတာ"
"ကိုကြီး၊ တစ်ခုခုပြောအုံး"
ထမင်းတစ်ဇွန်းက လေထဲမှာတင်ရပ်နေပြီး တောင့်တောင့်ကြီးဖြစ်နေတဲ့သူ့ကို ညီမလေးကခြေထောက်နဲ့လှမ်းကန်သည်။ သို့သော် သူအသိမဝင်သေး။ ဖြစ်စဥ်တွေကိုလိုက်မှီအောင် စဥ်းစားတုန်းရှိသေးသည်။
ရုတ်တရက်ကြီး 'မားသားလေး ထမင်းတူတူစားရအောင်' ဆိုပြီး တပြုံးပြုံးဖြစ်နေတာမို့ တရုတ်ပြည်ကဘွားဘွားကိုတောင် လှမ်းကန်တော့ထားပြီးသားကို အခုအဲ့အပြုံးကြီးက သားဖြစ်သူကိုလင်ပေးစားမယ့် အပြုံးတဲ့လား.?!
"ဗျာ.?"
"ဟော၊ တွေ့လား။ ငါ့သားလေးက သဘောတူလိုက်ပီ"
မူပိုင်အပြုံးလေးနဲ့ မားမားကထမင်းဆက်စားသည်။ ရေမြင်းကြီးလို ပါးစပ်ဟောင်းလောင်းကျန်ခဲ့တာက သူတို့မောင်နှမ။
"မား၊ အနည်းဆုံးတော့ ဘယ်သူနဲ့ဘာညာပြောအုံးလေဗျာ"
ဘယ့်နှယ့် 'နင်နောက်လယောင်္ကျားယူတော့' ဆိုပြီး ကိစ္စပြတ်ပီထင်နေလားမသိ။ တွေ့ရာလူနဲ့ ဒီသားလေးတစ်ယောက်ကို ထိုးပေးနေတော့မှာလား..!!
"ဟိုဘက်လမ်းထိပ်က Han Yujin လေး"
"မားး.! အဲ့ကောင်လေးက အဲ့လောက်ဆိုးသွမ်းနေတာလေ.! ကိုကြီးနဲ့မတန်မရာတွေကိုမားရာ"
"နင်လျှာရှည်လှချည်လား Xingrui. နင်ကမိန်းမယူမယ်ဆိုလို့ ငါကနင့်အကို,ကိုယောင်္ကျားရှာပေးတာလေ။ မကျေနပ်ရင် နင့်အကိုအစား နင်ယူလိုက်"
"မား-"
'မား'အစချီပြီး တတွတ်တွတ်နဲ့ပြောနေတဲ့ XingXing စကားတွေက နားထဲမဝင်ခင်မှာတင် ကွေ့ဝိုက်သွားကြသလို မားမားထည့်ပေးထားတဲ့ ကြက်ချိုချဥ်တုံးလေးတွေကလဲ ပါးစပ်ထဲမရောက်နိုင်ပဲ ပန်းကန်ထဲမှာတင်ပုံလို့။
ဟိုဘက်လမ်းထိပ်က Han Yujin လေး။
မျက်လုံးဝိုင်းဝိုင်း၊ မေးရိုးဖြောင့်ဖြောင့်နဲ့ ဆယ့်ရှစ်နှစ်အရွယ် Han Yujin.
YOU ARE READING
Ricky and The Prince Charmings
FanfictionShen Ricky and his Prince Charmings aka the whole Zerobaseone