( Unicode )
( ကိုကို )
တောင်ကိုရီးယားနိုင်ငံ
Choungcheongnam-doခရိုင်၏
Chungtaesanဟုအမည်ရသော ထိုတောင်ရှိ မထင်မရှားတောင်ပေါ်ဘုရားကျောင်းဆီသို့ မြို့ကဧည့်သည်တစ်ယောက်ရောက်ရှိနေခဲ့သည်မှာ လပိုင်းမျှကြာနေခဲ့ပြီဖြစ်လေသည်။တောင်ပေါ်ဘုရားကျောင်းဆိုတဲ့အတိုင်း တရားအားထုတ်နေကြသောကိုယ်တော်တွေသာအများဆုံးရှိတတ်တဲ့နေရာတစ်ခုကိုမှ
ထိုသူဟာ ဘာအကြောင်းကြောင့်ရောက်လာရတာလဲ?.ကြည့်ရသလောက်ဆို တောင်အောက်ကိုပြန်ဆင်းမည့်ပုံလည်းမပေါ်ပေ။ဆောင်းအဝင်နွေအကူး နံနက်အစောပိုင်းတွင်ကျဆင်းတတ်လေ့ရှိသော မြူတွေမှာ တောင်ပေါ်တစ်ခွင် ပိန်းပိန်းထအောင်မည်းမှောင်ရှိလျက်ကြသည်။မြူထဲကိုတိုးဝင်သွားလိုက်သည်နှင့် မြူနံ့သင်းသင်းကိုရတတ်ကြတာကလည်း တောင်ပေါ်ဒေသ၏သဘာဝတစ်ခုပါ။
မြူဆိုင်တွေကြားထဲလမ်းလျှောက်လာရင်း မျက်စိရှေ့မှာဘာတွေကြိုရှိနေသလဲကိုကောင်းစွာ မသည်းကွဲသော်လည်း တရွေ့ရွေ့မြူကွဲသွားသည်နှင့် မြူဆိုင်တွေကြားကရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအရာတွေကြောင့် စိတ်ကိုကြည်နူးမှုစေ၏။
မြူတွေကြားမှနေတိုးထွက်လာသော ပုံရိပ်တစ်ခုမှာတစ်ဆယ်ကျော်စွန်းစွန်းလုလင်ပျိုတစ်ယောက်ဖြစ်လျှက် သူ၏ခြေလှမ်းတွေဟာဖြင့် ဧည့်သည်ဆောင်ဆီသို့ခပ်သုတ်သုတ်သွားနေသည်။ချည်သိုးမွေးဦးထုပ်ကိုနားရွက်တွေလုံသည်အထိဆောင်းထားကာ လက်ထဲမှာလည်းသတင်းစာတစ်ခုကိုကိုင်ထားသေးသည်။
အတန်ငယ်လမ်းလျှောက်လာပြီးနောက် လှမ်းမြင်လိုက်ရသည့်အဆောင်ငယ်တစ်ခုပေါ်တွင် တိုင်လုံးကိုအမှီပြုထားသည့်ပဲလုံးစေ့တစ်အိတ်နှင့်အတူ နောက်ကျောပေးထားပြီးထမင်းစားတူကိုကိုင်ဆောင်ထားလေသည့်လူတစ်ယောက်ကို မြူတွေကြားကနေရှင်းရှင်းလင်းလင်းမြင်ရနိုင်ပါသည်။
ဧည့်သည်ရှိနေရာအဆောင်ငယ်ဆီပြေးသွားလိုက်ပြီး သစ်သားပေါက်ကလေးကြားမှနေသတင်းစာကိုထိုးထည့်ပေးလိုက်သည့်အခါ
ထိုအလုပ်များနေသူဧည်သည့်သည် ထိုကလေးအားငုံ့ကြည့်လာကာပြုံးပြသွားပြီး သတင်းစာကို ပဲအိတ်ဘေးမှာချထားလိုက်ပါသည်။