( Unicode )
( အပိုင်းကိုး )
ကြေးမှုံပြင်ထက်ဝယ် ထပ်ဟပ်နေတဲ့သူ့ပုံကိုယ်သူကြည့်ပြီး သဘောကျစွာပြုံးမိသွားသည်။မိတ်ကပ်ပါးပါးလိမ်းခြယ်ထားခဲ့၍
အိမ်ကကလေးရဲ့မျက်နှာလေးသည် အပြစ်နာဆာတစ်ကွက်မရိှ။သည်နေ့မှပိုပြီးကြည့်ကောင်းနေသလို သည်နေ့မှပိုပြီးဝင်းမွတ်နေခဲ့သည်။ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဖြူရောင်ဝတ်စုံကို မှန်ထဲကနေပဲအထပ်ထပ်အခါခါပြန်ကြည့်နေမိပြီး စိတ်ချမ်းသာရပါတယ်။
ပြင်သစ်ကနေ မှာယူထားတဲ့ပိတ်စဖြစ်ပြီး ကမ္ဘာကျော်ဒီဇိုင်နာကိုယ်တိုင်က ချုပ်ပေးထားတဲ့ဝတ်စုံဖြစ်၍ ဒီစုံခမ်းနားမှုကတော့ညွှန်းစရာတွေကုန်မည်မထင်..။အရာရာဟာ မျှော်မှန်းထားတာထက်ပြည့်စုံနေတာမို့စိတ်ချမ်းသာမှုရတယ်ဆိုပေမယ့် ပျော်ရွှင်ရတာဟာ အပြည့်အဝတော့မဟုတ်ခဲ့ဘူး။အချစ်တွေပါမနေတာကလွဲရင် ဒီလက်ထပ်မှုဟာ ပြည့်စုံနေပါတယ်။
အနားမှာကိုယ်လက်ထပ်ရမယ့်သတိုးသားရှိပေးမနေတာကလွဲရင် ဒီမင်္ဂလာယူခြင်းကအသက်ဝင်နေဆဲပါ။အခုတွေးဖြစ်နေတာက ဟန်ထယ်ဟျွန်းအကြောင်းထက် ကိုကို့အကြောင်းတွေချည်းလေ။
ကိုကိုသာဆိုရင်ရော..?ဟန်ထယ်ဟျွန်းလို သူ့ကိုပစ်ထားမလားသိချင်နေတယ်။သိပ်မကြာတော့တဲ့အချိန်မှာလက်ထပ်ရတော့မယ့်သူ့ကို ကိုကိုကရောပစ်ထားဦးမှာလား?..။
ဒါမှမဟုတ် ကိုကို့မူပိုင်အပြုံးချိုချိုလေးတွေနဲ့သူ့အနားမှာ ထိုင်ပေးနေခဲ့ပြီး သူပြင်ဆင်နေသမျှကို သဘောတကျပဲထိုင်ငေးနေမှာလား။အဲ့လိုဆို သူကရော?...အခုလိုစူပုတ်နေဦးမယ်လို့ ထင်ရလား။ကိုကိုနဲ့ထပ်တူ သူလည်းပဲပြုံးနေမိမှာ အဲ့ဒါသေချာပါတယ်။
တံခါးဖွင့်သံကြားလိုက်၍ အခန်းထဲဝင်လာမယ့်လူကို လှည့်မကြည့်ဖြစ်သလို မှန်ထဲနေပဲထိုင်ရာကနေမထဘဲ လှမ်းကြည့်ဖြစ်လိုက်တဲ့တစ်ခဏမှာ သူ့နှုတ်ခမ်းလေးပွင့်ဟသွားရသည်။
စတိုင်ပင်ထဲကိုလက်တစ်ဖက်ထိုးလျှိုထားကာ သူ့အား အနောက်ကနေ ရပ်ကြည့်နေတဲ့ကိုကို။အနက်ရောင်အနောက်တိုင်းSuitဖြင့် ကိုကိုဟာဟိုအရင်တုန်းကအတိုင်း ချောမောနေဆဲ။ဒါပေမယ့် ဒီနေ့ပွဲအတွက် အဓိကလူမဟုတ်တာလေးကလွဲရင် ကိုကိုကပြည့်စုံနေခဲ့ပါတယ်။