Part-2

767 25 2
                                    

ဒွေးလေးမစန်း အပေါ့သွားချင်သဖြင့် ခြင်ထောင်ကို လှန်ကာ မီးခြစ်ဆံကိုစမ်း၍ ရေနံဆီမီးခွက်ကို မီးညှိသည်။
အိမ်အပေါ်တက်တွင် အိပ်ခန်းဖွဲ့ထားတာဟူ၍ ဝိုင်း အခန်းတစ်ခန်း ထဲသာရှိသည် ဒွေးလေးက အပေါ်ထပ် ဘုရားကျောင်းဆောင် ရှေ့တွင်အိပ်သည်၊ ဒေါ်လေးအုန်းကြီး‌ကအိမ်အောက် အခန်းတွင်အိပ်သည်၊၊

ဝိုင်း အခန်းဆီသို့ကြည့်မိရာ အခန်းတံခါး မပိတ်ပဲ ပွင့်‌နေသည်ကို ဒွေးလေးမစန်း သတိထားမိသည်၊ မီးရောင်ပင်လင်းနေဆဲ မီးရောင်ကြောင့် နံရံပေါ်တွင် အရိပ်တစ်ခု ရွေ့လျား နေသည်ကို မြင်ရသည် သေချာကြည့်မိမှ အမျိုးသမီးတစ်ယောက် ကနေသည့်ဟန် လက်ချိုးခြေချိုး ကနေပုံမှာ အငြိမ့်မင်းသမီးလိုလို၊ ဘာလိုလိုဖြင့်
မြင်ရသဖြင့် ဒွေးလေးမစန်း ကြက်သီးများပင်တစ်ဖြန်းဖြန်း ထသွားသည် အပေါ့သွားချင် စိတ်ပင် ပျောက်သွားသည်၊ "ဘုရား ဘုရား"ဟု စိတ်ထဲက တမိလိုက်သည်၊ သီချင်းညည်းသံ သဲ့သဲ့လဲ ကြားမိသဖြင့် ပို၍ပင် ကြောက်စိတ်ဝင်လာသည်၊
လက်ဖျားပင် အေးစက်လာသည်၊

အိမ်အောက်ထပ်သို့ဆင်း၍ ဒေါ်အုန်းကြီးအား နှိုးမည်ဟုတွေးကာ လှေကားထစ်မှ ခပ်သွက်သွက်ဆင်းလာခဲ့သည်၊

"ဟက် အုန်းကြီး အုန်းကြီး ထစမ်းပါအေ ညည်းတူအခန်းထဲ ဘာဖြစ်နေလဲမသိဘူး သွားကြည့်ရအောင်  ငါနဲ့လိုက်ခဲ့စမ်း"
"အို့ ဘာလို့ ကျုပ်ကို လာနှိုးနေရတာလဲ ဒေါ်စန်းရဲ့ ဟို အကုသိုလ် ဘာမွှေပြန်ပြီလဲ သူ့ဘာသူဖြစ်ချင်ရာဖြစ်ထားလိုက်စမ်းပါ"
"ဟက် အုန်းကြီး ဝိုင်းသဏ္ဍာန်ဆိုတာ နင့်တူ အရင်းခေါက်ခေါက်ပါအေ့ ငါအရာရာ မပြောချင်လို့ ငြိမ်နေတာ နင်လုပ်ရက်တွေ ငါမသိဘူးထင်မနေနဲ့"

ဒွေးလေးမစန်း ဝိုင်းအခန်းထဲသို့ တစ်ယောက်ထဲ ဝင်ကြည့်မည်ဟု တွေးကာ အိမ်ပေါ်သို့ ပြန်တက်လာသည်၊ ဒေါ်လေးအုန်းကြီးမှာ မလိုက်မဖြစ် လိုက်ရသည့်ပုံစံမျိုးဖြင့် လိုက်လာသည် အခန်းထဲရောက်တော့ ဝိုင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကိုတွေ့ရသည်၊ ဒွေးလေး အခန်းပတ်ချာလည် လှည့်ပတ်ကြည့်သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု အရိပ်အယောင်ကိုပင် မတွေ့၊

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Where stories live. Discover now