Part-15

304 12 3
                                    

ဒီနေ့မနက် အိပ်ယာနိုးသော်လည်း ဝိုင်းနှင့်ဝန်းရံ စကားပင်မပြောဖြစ်၊ မျက်နှာချင်းဆိုင်ထိုင်၍ အဆာပြေစားနေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း မဆုံမိအောင် နေနေကြသည်။

"ဝိုင်း မင်းဒေါ်လေးအုန်းကြီးကို ခေါ်ပေးစမ်းပါ အရီးပြောစရာရှိလို့ " ခေါင်းရင်းအိမ်မှ ဒေါ်ခင်သန်း ပြောခြင်းဖြစ်၏

"အရီးခင်သန်း လာထိုင်ပါဦး ဒေါ်လေးမရှိဘူး အပြင်သွားတယ်"

"မထိုင်တော့ပါဘူးကွယ် မင်းဒေါ်လေးပြန်လာရင်သာ ဒေါ်လေးကိုလှမ်းခေါ်လိုက်"

"ဟုတ်ကဲ့အရီး"

"အော် ဒါနဲ့ ဝိုင်း ညကအချိန်မတော်ကြီး မင်းနဲ့ဇော်ခိုင် ဘယ်ကပြန်လာတာလဲ"

ဝိုင်းရင်ထိတ်ရပြန်ပြီ ညကဇော်ခိုင်နှင့်ပြန်လာတာကို အရီးခင်သန်းမြင်သွားပုံရ၏

"အရီးခင်သန်းက ဘယ်လိုလုပ်သိတာလဲ"

"အရီးတစ်ရေးနိုးအပေါ့သွားတော့ လူရိပ်မြင်တာနဲ့လှမ်းကြည့်မိတာ လကသာနေတာနဲ့ လူပုံစံကြည့်ပြီးပြောလိုက်တာပါ"

ဝန်းရံကို လှမ်းကြည့်လိုက်တာ စားလတ်စမုန့်ကိုပင် ဆက်မစားပဲ လက်သီးများကျစ်ကျစ်ပါအောင် ဆုတ်ထား၏၊ ဝိုင်းအရီးခင်သန်းကို ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေ၏၊ ဒေါ်လေးခင်သန်းကိုလဲတစ်ခါထဲ နှုတ်ပိတ်လိုက်မှဖြစ်မည် မဟုတ်ရင် ဒေါ်လေးကို ညကတွေ့သည့်ပြောလိုက်မှဖြင့် သူ့ကိုလိုက်ချောင်းမှန်းသိသွားလိမ့်မည်။

"ဟုတ်တယ် အရီးရဲ့ကျုပ်နဲ့ဇော်ခိုင် ကိစ္စရှိလို့တစ်ဖက်ရွှာသွားရင်း အပြန်နောက်ကျနေတာ အရီးတွေ့တာ ဒေါ်လေးကိုပြန်မပြောပါနဲ့နော် တော်ကြာကျုပ်ကို ညည့်နက်မှပြန်လာမှန်းသိလို့ ဆူနေပါဦးမယ်"

"အေးပါ ဝိုင်းရယ် ဒါဆိုအရီးပြန်လိုက်ဦးမယ်"

ဝိုင်းခေါင်းညိမ့်ပြ၍ ပြန်ထိုင်လိုက်သည်၊

"တောက်!!" ဝန်းရံ၏ နှုတ်ဖျားမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံဖြစ်၏

ဝိုင်း ဒွေးလေးကြားသွားမှာစိုးသဖြင့် အခန်းထဲသို့ လိုက်လာရန် တိုးတိုးပြော၍ အပေါ်ထပ်သို့တက်လာ၏၊ အတန်ငယ်ကြာသော် ဝန်းရံအခန်းထဲသို့ ဝင်လာ၍ တံခါးကိုပင် ဆောင့်ပိတ်လိုက်သည်။

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Место, где живут истории. Откройте их для себя