Part ( 2 )

959 132 9
                                    

  အတ္တ ရဲ့လက်က ကျောက်ပတ်တီးကို ဖြုတ်ဖို့ ဆေးခန်းကို
သွားခဲ့ကြပြီး အတ္တလည်း သူ့ဟာသူ ပြဿနာရှင်းဖို့ ပြေး
သွားပြီ။ သူနဲ့ ဟန်ရာဦးကလည်း အိမ်ပြန်ရဖို့ပဲကျန်တာမို့
အကိုကြီးလွင်မင်းခေါင်ကို အားနာတာနဲ့ ခဏလောက်စကား
ပြောရုံလေးကိုတောင် ဖြစ်ပျက်နေလို့ စကားစဖြတ်ပြီး ထွက်
လာခဲ့ရတယ်။

ဒါနဲ့တင် မပြီးသေးဘဲ ဟန်ရာဦးက အပြန်လမ်းတွင် ကားကို
ပါကြောက်ဖို့ကောင်းအောင်မောင်းနေတော့ တိမ်ညိုရောင်
မနေနိုင်တော့ဘဲ  ဆဲမိပါတော့သည်။

" ဘောကောင်ရ မင်းကားကို လူလိုသူလိုမမောင်းနိုင်ဘူး
  လား...ငါ မူးလာပြီ "

ု"ဘာလဲ အရမ်းမူးနေတာလားမင်းရဲ့ ဒေါက်တာရမ်းကုဆီ
ပြန်ခေါ်သွားပေးရမလား ပြော"

အရှိန်ကုန်မောင်းပြီး ရှေ့ကကားတွေကို ယိမ်းထိုး
ပြီး ကျော်တက်နေတဲ့ ဟန်ရာဦးကြောင့် တင်းကြပ်နေတဲ့
လုံခြုံရေးခါးပတ်အပြင် အပေါ်က ကားလက် ကိုင်ကွင်းကို
ပါ အကူညီယူထားရသည်။

ဒီကြားထဲ အကိုကြီးလွင်မင်းခေါင်ကိုပါ ပုတ်ခတ်နေပြန်တဲ့
ဒီကောင့်ရဲ့ ခေါင်းထဲက အတွေးတွေကို တိမ်ညိုရောင် နား
မလည်နိုင်ဖြစ်နေပါ၏။

" သူများကို ဒီလောက်တောင်ပြောဆိုနေတာ
မင်းကို အကိုကြီးလွင်မင်းခေါင်က ဘာလုပ်နေလို့လဲ
တစ်ဖက်သားကို အပြစ်မရှိဘဲပြောဆိုတာ မင်းအရမ်းများနေပြီ လူမူရေးဆိုတာကို နားမလည်ဘူးလား"

သူစိမ်းအတွက်နဲ့ ကပ်ကပ်လန်အောင် ပြန်ပြောနေတဲ့ တိမ်ညို
ရောင် ကို လှမ်းကြည့်ပြီး သူစိတ်ထဲမှာလည်းထောင်းခနဲဖြစ်
သွားသည်။ ကားကို လမ်းဘေးကပ်၍ ဘရိတ်နင်းကာ
ရပ်လိုက်သည်။

"မင်း အဲဒီ့လူအကြောင်းဘာသိလို့လဲ
သူမင်းကို သဘောကောင်းနေတာသူ့မှာ အကြောင်းပြချက်ရှိပြီးသား.ငါက မင်းကိုစိတ်ပူလို့
ပြောနေတာ  "

အသည်းသန် ဆရာကြီးလုပ်ပြီးသူ့ကိုစိတ်ပူလို့်ဆိုတဲ့ အခါမှာ
တိမ်ညိုရောင်  နှုတ်ခမ်းကိုမဲ့၍...ဟန်ရာဦးကို ပြန်မေး
လိုက်ပါသည်။

ɢʀᴇᴇɴ ꜰʀᴏɢ ᴀɴᴅ ᴡʜɪᴛᴇ ᴅᴜᴄᴋ Where stories live. Discover now