Part ( 5 )

559 92 8
                                    


ပြောင်းဖူးပေါက်ပေါက်ကို ရုပ်ရှင်ရုံထဲ ဝင်ထိုင်ပြီးတည်းက
စားနေခဲ့တာ အောက်ခြေကိုပါ မြင်ရခါနီးနေပြီ။ အချစ်ဇာတ်လမ်းကို ရွေးလိုက်မိတာ သူတော်တော်လေးမှားသွားပြီ။
ဇာတ်လမ်းထဲက မင်းသားက လည်း မင်းသမီးကို သူငယ်ချင်း
အဖြစ်နဲ့ တိတ်တခိုးချစ်နေတဲ့ ပုံစံဆိုတော့ တိမ်ညိုရောင်မှာ
အိုးမလုံ အုံပွင့်နေတော့တာပေါ့။

ဘေးက ဟန်ရာဦးက သူ့ကိုတံတောင်နဲ့တွတ်၍ ခေါ်တာကြောင့်
လှည့်ကြည့်တော့ Coke ကို တောင်းနေတာဖြစ်နေသည်။ ပြော
တော့ ဘာမှမစားဘူးဆိုပြီး သူ့သောက်စရာကိုတောင်းနေတော့
ဘယ်လောက်ပဲ crushနေတယ်ပြောပြော တိမ်ညိရောင် မျက်နှာ
ဆူပုတ်သွားသည်။

" ပြောတော့ ဘာမှ မစားဘူးဆိုပြီး "

တိုးတိုးလေးပြောပြီး သူ့လက်ထဲက Cokeကို ပေးဖို့လက်မြှောက်
လိုက်ပေမယ့် ဟန်ရာဦး က အရင် ခေါင်းကိုငုံ့ဆင်းလာပြီး ပိုက်
ဖြင့်စုပ်သောက်သည်။ လက်နဲ့ယူပြီးသောက်တာမဟုတ်ဘဲ
တိမ်ညိုရောင့် လက်ထဲမှာရှိနေတာကို သောက်ပြီး ခေါင်းကိုပြန်
မော့တဲ့အတွက် ထိုအချိန်လေးမှာ ဟန်ရာဦးရဲ့ မျက်နှာကို သူ
နီးနီးကပ်ကပ်မြင်ရပါသည်။ အအေးသောက်ပြီး စိုရဲသွားတဲ့ နှုတ်
ခမ်း က တိမ်ညိုရောင်ကို တံတွေးမြိုချမိစေပြီး နှုတ်ခမ်းလည်း
ခြောက်လာတော့ အခုလေးတင် ဟန်ရာဦး သောက်ထားတဲ့ ပိုက်
ကို နှုတ်ခမ်းဖြင့်ထိပြီးမှ ဒါက သွယ်ဝိုက် အနမ်းဖြစ်နေမှန်း
သဘောပေါက်သွားသည်။

အဲ့တာအပြင် ဟန်ရာဦးက လည်း သူ့ကို လှမ်းကြည့်နေသေးတော့
ပိုပြီး လန့်သွားတဲ့အတွက် ဆက်မသောက်ရဲတော့ချေ။ Coke
ကို ဟန်ရာဦး လက်ထဲ အတင်းထိုးပေးပြီး တိမ်ညိုရောင် ခပ်တည်တည်ပဲ ရုပ်ရှင်ကို ကြည့်နေလိုက်တော့သည်။

မင်းသားနဲ့ မင်းသမီးရဲ့ အနမ်းခန်းရောက်တော့ တိမ်ညိုရောင်
ရှက်ကိုးရှက်ကန်းနဲ့ လွယ်အိတ် သော့ချိတ်ကိုကိုင်လိုက်၊ ဆံပင်
တွေကို ထိုးဆွလိုက်နဲ့ အငြိမ်မနေနိုင်ဖြစ်နေသည်။ အဲ့လိုကနေ
ဟန်ရာဦးကို မသိမသာကြည့်လိုက် တော့ သူနဲ့ မတူစွာ ငြိမ်ပြီး
ရုပ်ရှင်ကို သေချာကြည့်နေတာကို မြင်သည်။ ဒီအတိုင်း kiss
အခန်းကို ကြည့်တာဘယ်လိုနေလဲ သိချင်လို့ လှမ်းကြည့်လိုက်ရုံ
ပေမယ့် တကယ်တမ်းကျတော့ ဟန်ရာဦးရဲ့ နှုတ်ခမ်းဆီတွင်
သူ့မျက်လုံး ကျန်နေခဲ့ပြန်တယ်။

ɢʀᴇᴇɴ ꜰʀᴏɢ ᴀɴᴅ ᴡʜɪᴛᴇ ᴅᴜᴄᴋ Where stories live. Discover now