one

774 52 30
                                    

[ Unicode ]

ကျယ်လောင်တဲ့နာရီနှိုးစက်သံကြောင့် အိပ်မက်ကမ္ဘာထဲမှာ ကူးခတ်ရာကနေ လန့်နိုးလာခဲ့ရသည် ။ မျက်လုံးကိုမဖွင့်သေးပဲ ကုတင်ဘေးကဗီရိုပုလေးပေါ်မှာရှိတဲ့ နာရီကိုလက်လှမ်းပြီး နှိုးစက်ကိုပိတ်လိုက်သည် ။ ထို့နောက် လက်ရောခြေရောကိုဆန့်ထုတ်ကာ အကြောဆန့်လိုက်ပြီး အိပ်ရာမှထလိုက်သည် ။

အိပ်ရာကိုသေချာသိမ်းပြီးတော့ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရေချိုးလိုက်သည် ။ ရေချိုးပြီးနောက် အလုပ်သွားရန် တစ်ခါတည်းအဝတ်အစားလဲပြင်ဆင်ကာ အိတ်ကိုယူပြီး အိမ်ထဲကထွက်လာခဲ့လိုက်တော့

" အလုပ်သွားတော့မှာလား Yoongi ..."

" ဟုတ်ကဲ့ အန်တီ...."

အရမ်းကြီးမခင်ပေမယ့် မျက်မှန်းတန်းမိနေပြီဖြစ်တဲ့ ဘေးခန်းက အန်တီကြီးကနှုတ်ဆက်တာကြောင့် Yoongi လည်းကောင်းကောင်းမွန်မွန်ပင်ပြန်နှုတ်ဆက်လိုက်သည် ။ ကားပါကင်ရှိရာကိုဆင်းလာခဲ့ပြီး ကားမောင်းကာထွက်လာလိုက်တော့ မနက် ၈ နာရီထိုးနေပြီဖြစ်သည် ။

ဘယ်တော့မဆို အချိန်အတိအကျလုပ်နိုင်တဲ့ သူ့ကိုယ်သူစိတ်ထဲကနေချီးကျူးမိသွားသည် ။ ကားလမ်းပိတ်မှာဘာညာနဲ့ဆိုရင် အနည်းဆုံးတော့ သူ ၈ နာရီခွဲလောက်အလုပ်ကိုရောက်မှာသေချာလေသည် ။

ထင်ထားသည့်အချိန်ထပ် ၅ မိနစ်စောစွာ အလုပ်ကိုရောက်လာတော့ Yoongi ကုမ္ပဏီနားကကော်ဖီဆိုင်မှာထိုင်ရင်းမနက်စာစားဖြစ်ခဲ့သည် ။ တစ်ကိုယ်တည်းဘဝဖြစ်တာကြောင့် မနက်စာကစလို့ ညစာအဆုံး အပြင်မှာဖြစ်သလိုစားလိုက်တာကများလေသည် ။

မနက်စာစားပြီးတော့ ရုံးခန်းဆီရောက်တော့ ရုံးတက်ချိန်ကွက်တိပင် ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိဟာ သူ့ရဲ့အလုပ်ချိန်ပင်ဖြစ်သည် ။ အလုပ်ပိတ်ရက်လွဲပြီး နေ့ရက်တိုင်းဟာ ဒီအတိုင်းပင်လည်ပတ်နေခဲ့လေသည် ။

အလုပ်ကိုတိကျစွာနဲ့စနစ်တကျလုပ်တတ်တာကြောင့် အသက် ၃၀ သာရှိသေးပေမယ့် မန်နေဂျာချုပ်ရာထူးကိုရရှိခဲ့လေသည် ။ အလုပ်အကိုင်သည်သာမက ရုပ်ရည်ကလည်း ပြီးပြည့်စုံအောင်ချောမောတာကြောင့် ဘေးနားမှာ မိန်းကလေးရော ယောက်ျားလေးများပါ ဝိုင်းဝိုင်းလည်နေခဲ့ပေမယ့် အခုအချိန်အထိ ဘယ်သူ့ကိုမှ ယောင်လို့တောင်လှည့်မကြည့်ခဲ့ပေ ။

The Silent WishWhere stories live. Discover now