six

345 38 19
                                    

{ Unicode }

စောင့်ဆိုင်းရသော အလုပ်သည် လူကို အင်မတန် စိတ်ဒုက္ခပေးသောအရာပင်ဖြစ်လေသည် ။တစ်ဖက်ကြိတ်ကာခံစားရင်း သူ့ဘက်ကနောက်တစ်ကြိမ်ထပ်ဖွင့်ပြောလာမယ့်နေ့ကိုစောင့်ရင်း Jimin စိတ်မရှည်ဖြစ်လာရလေသည် ။

Jimin ဘက်ကနေစပြီး ဖွင့်ပြောဖို့ကိုတော့ ဘယ်တော့မှစဉ်းစားမှာမဟုတ်ပေ ။ မချစ်တုန်းကတော့ Yoongi ကိုတွေ့ရင်ဘယ်လိုမှမနေပေမယ့် အခုချစ်မိသွားချိန်မှာတော့ ‌ခနတဖြုတ်တွေ့ချိန်လေးမှာတောင် ရင်ခုန်မြန်ပြီး အယောင်ယောင်အမှားမှားပါဖြစ်နေခဲ့ရလေသည် ။

တစ်နေ့ကိုတစ်ကြိမ်လောက်မှ မျက်နှာလေးမတွေ့ရရင်ကို လူကနေမထိထိုင်မသာ ဖြစ်နေရတာကအချစ်လို့ခေါ်တာတဲ့လား ။ အချစ်ကိုတစ်ကြိမ်မှ မထိတွေ့ဖူးတဲ့ Jimin အတွက်တော့ အချစ်ဆိုတဲ့အရာက တော်တော် လူကိုခိုးလို့ခုလုဖြစ်စေတဲ့အရာလို့ထင်မိလေသည် ။

အခုအသယ်အရွယ်အထိ အချစ်ကိုမယုံကြည်ခဲ့သလို ဘယ်သူ့ကိုမှ ရင်ခုန်ခဲ့ခြင်းမျိုးလည်းမရှိပေ ။ အခုကပထမဆုံးနဲ့နောက်ဆုံး ရင်ခုန်ခြင်းဖြစ်မယ်လို့ Jimin ထင်မိသည် ။

အစက Yoongi ကိုသူ မယုံကြည်ခဲ့မိပေမယ့် အချိန်ကြာလာလေ Yoongi ရဲ့အပြုအမူတွေကိယုံကြည်ချင်စရာကောင်းလာခဲ့သည် ။ ထိုသို့ယုံကြည်မိသည်နှင့်တစ်ပြိုင်နက် အချစ်ဆိုတဲ့အရာကပါကပ်ပါလာခဲ့လေသည် ။

အချစ်ဆိုတာ Jimin ရဲ့နှလုံးသားထဲနူးညံ့စွာဝင်ရောက်လာတာကြောင့် ဘယ်အချိန်ကတည်းကရောက်‌ရှိနေမှန်းတောင် သတိမထားမိနိုင်ခဲ့ပါလေ ။

အခုတလော ထိုအကြောင်းကိုပဲတွေးပြီး စိတ်တွေရှုပ်ထွေးနေခဲ့တာကြောင့် ဒီနေ့တော့ စိတ်ရှုပ်ချိန် စိတ်ညစ်ချိန်တွေအတွက် အကောင်းဆုံးအဖော်လို့ဆိုကြတဲ့ အရက်ကိုသောက်ရန်စိတ်ကူးလိုက်သည် ။

တကယ်တော့ Jimin ဒီအသက်အရွယ်ရောက်သည်အထိ အရက်ကိုတစ်ခါလေးတောင်မှမသောက်ခဲ့ဖူးပေ ။ အရက်ခွက်ကြားမှာ နစ်မြောရင်း ဘဝဆုံးသွားရတဲ့အဖေ့ကိုကြည့်ပြီး သူ အရက်က်ုဘယ်တော့မှမသောက်လို့စိတ်ဆုံးဖြတ်ထားခဲ့မိသည် ။

The Silent WishTahanan ng mga kuwento. Tumuklas ngayon