{ Unicode }
" Jimin ရေ...."
" ဗျာ ကိုကို...."
ချစ်စဖွယ်ထူးသံလေးနဲ့အတူ အနားရောက်လာတဲ့ ကောင်လေးဟာ သူ့ချစ်သူလေးဖြစ်တယ်ဆိုတာ တစ်ခါတရံယုံတောင်မယုံကြည်နိုင်မိပေ ။
" ဒီ ဟင်းလေးမြည်းပေးပါဦး...."
ချက်လက်စဟင်းချိုကိုဇွန်းနဲ့ခပ်ကာ အေးအောင်မှုတ်ပေးပြီးမြည်းခိုင်းလိုက်မိသည် ။
" အရမ်းကောင်းတယ်... ကိုကိုက ဟင်းချက်သိပ်တော်တာပဲ..."
" အချင်းချင်းကိုမြှောက်နေပြန်ပါပြီနော်... Min Jun လေးကိုခေါ်လိုက်တော့ ကိုကို ထမင်းပွဲပြင်ထားလိုက်တော့မယ်...."
" ဟုတ်ကဲ့ ကိုကို...."
Jimin သူ့အနားကနေထွက်သွားတော့ Yoongi ဟင်းအိုးကိုမီးပိတ်လိုက်ပြီး ပန်းကန်လုံးထဲခပ်ထည့်လိုက်သည် ။ စားပွဲပေါ်မှာ ထမင်းနဲ့ဟင်းခူးကာပြင်ပြီးနောက်မှာတော့ Jimin နဲ့ Min Jun လေးရောက်လာခဲ့လေသည် ။
" ဦးဦးကဟင်းတွေအများကြီးချက်ထားတာလား...."
" ဟုတ်တာပေါ့ Min Jun လေးရဲ့....အများကြီးစားရမယ်နော်...."
" ဟုတ် အများကြီးစားမယ်...."
Min Jun လေးရဲ့အပြောကြောင့် Yoongi ပြုံးမိသွားပြီး ပန်းကန်ထဲကို ဟင်းတွေထည့်ပေးလိုက်မိသည် ။
အခုဆိုရင် သူအလုပ်ပိတ်တဲ့နေ့တိုင်း Jimin တို့သားအဖနဲ့အတူတူထမင်းစားဖြစ်လေသည် ။ တစ်ခါတလေကျရင် ဒီနေ့လိုမျိုး သူလက်စွမ်းပြကာချက်လေ့ရှိသည် ။ တစ်ခါတလေကျရင်တော့ ၃ ယောက်အတူ အပြင်မှာထွက်စားဖြစ်လေသည် ။
အရင်ကအတူသွားနေကျ club ကိုတောင် Seok Jin နဲ့မသွားဖြစ်တော့ပေ ။ ဒါကြောင့် မနေ့က Seok Jin ဆီကနေဖုန်းဆက်ပြီးဆူတာကိုခံလိုက်ရသေးသည် ။ ရည်းစားရတော့ သူ့ကိုပစ်ထားသည်ဟုဆိုတာ စိတ်ဆိုးနေသည့် Seok Jin ကပွစိပွစိပြောတာကို ၁ နာရီနီးပါးလောက်ခံလိုက်ရသေးသည် ။
" ဘာတွေတွေးနေတာလဲ စားလေ ကိုကို...."
အပြောတင်မက ပန်းကန်ထဲဟင်းပါခပ်ထည့်ပေးနေတဲ့ ချစ်ရတဲ့ကောင်လေးကြောင့် Yoongi စိတ်ကျေနပ်သွားရသည် ။ တစ်နေ့တစ်နေ့ သူ့နှလုံးသားကို တစ်ရစ်ပြီးတစ်ရစ် ရစ်တွယ်လာတဲ့ ဒီနှောင်ကြိုးလေးက ဘယ်တော့မှမပြတ်နိုင်ဘူးဆိုတာ Yoongi ယုံကြည်မိသည် ။
YOU ARE READING
The Silent Wish