Arc-2.13 Uni

315 33 2
                                    


မင်မော့ရန်-" ရှားမာန်...မင်းအဆင်ပြေရဲ့လား...မင်းကြည့်ရတာပိန်သွားလိုက်တာ "

မော့ရန် ပိန်ကျသွားသော ရှားမာန်အား အလိုမကျစွာပြောလိုက်သည်။

လန်ရှားမာန်-" မင်းဘယ်လိုရောက်လာတာလည်း...ဒီနေရာကအကျင်းထောင်နော်...ဆောင်ကြာမြိုင်မဟုတ်ဘူး...ပြန်တော့"

မင်မော့ရန်-" မင်းကလည်းကွာ...ငါ့လင်တစ်ယောက်လုံးထောင်ထဲမှာရောက်နေတာကို...ငါကဆောင်ကြာမြိုင်သွားနိုင်ပါ့မလား "

လန်ရှားမာန်-" ခွေးကောင်မနောက်နဲ့...နောက်ပြီးဒီကိစ္စမှာ...ငါမတရားခံရတာ...ငါဘယ်လိုပဲနှာဘူးထတယ်ပြောပြော...ငါကကောတစ်ယောက်ပါကွာ...ဗိုက်ကြီးအောင်ထိလုပ်နိုင်မယ်လို့တော့ယုံကြည်ချက်မရှိဘူး "

မင်မော့ရန်-" ငါလည်းထင်ပါတယ်...မင်းကနန်းတွင်းသူတွေဆိုရှောင်တာငါသိတာပဲဟာ...ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုငါဒီထဲကနေ...မကြာခင်ထွက်ရအောင်လုပ်ပေးမယ်...နေကောင်းအောင်နေ...မင်းသိသမျှကိုငါ့ကိုပြောပြပေး "

လန်ရှားမာန်-" အဲ့ကောင်မလေးကို...ငါသိတယ်..တစ်နေ့ကမင်းဆီကအပြန်..သူနဲ့တွေ့တာ....သူကငိုနေလို့...ငါလည်းနှစ်သိမ့်ပေးလိုက်တယ်...အဲ့နေ့ပြီးတော့.. တော်တော်လေးကြာမှ...ငါနဲ့သူကြာကန်မှာအမှတ်မထင်ဆုံခဲ့တာ....သူ့ပုံကြည့်ရတာ...တော်တော်လေးအဆင်မပြေသလိုပဲ...ငါကလည်းသဘောကောင်းတော့...စကားပြောပြီး...ပျော်အောင်လုပ်ပေးခဲ့တာ...အချိန်ခဏကြာတော့...ငါသူမကိုနှုတ်ဆက်ခဲ့တယ်...ဒီလောက်ပဲ...ငါသူ့ကိုရေရေရာရာတောင်မသိဘူး... "

မင်မော့ရန်-" နှာဘူးထချင်တာကိုခံလေ...သူတောင်းစား "

လန်ရှားမာန်-" ဟျောင့်...မင်းနော်!!! "

မင်မော့ရန်-" ဘာလည်း...သွားတော့မယ်...ဒီမှာမင်းဖို့...ဝယ်လာတာ....နေကောင်းအောင်နေ... "

လက်ထဲမှ မုန့်ထုတ်များအား ပေးလိုက်ရင်း မော့ရန် ထွက်ခွာခဲ့သည်။ သူကလက်ရုံးရည်မှာသာတော်ပေမယ့် ညဏ်ရည်ကတော့ တော်တော်ကိုမကောင်းတာကြောင့် အကိုဖြစ်သူကိုသာ အားကိုးရန် အကိုတော်အဆောင်ကိုထွက်လာခဲ့လိုက်သည်။

System foxyWhere stories live. Discover now