Arc-2.7 Uni

370 31 0
                                    


ဖန်ချင်းအာ-" မင်းသား...ချင်းအာကိုလာမတွေ့တာအရမ်းကြာနေပြီ...ချင်းအာမင်သားကိုအရမ်းလွမ်းတာပဲ...ဟင့်... "

မင်မော့ရန်-" ကိုယ်တောင်းပန်ပါတယ် ချင်းအာ....ကိုယ်မင်းနဲ့ထပ်ပြီးမပတ်သက်ချင်တော့ဘူး...ကိုယ့်အကိုတော်အပေါ်အပြစ်မလုပ်ချင်တော့ဘူး... "

ဖန်ချင်းအာ-" မင်း....မင်းသားက...ချင်းအာကို...စွန့်ပစ်တော့မယ်ပေါ့....ဟင့်...ချင်းအာတစ်လျှောက်လုံးမင်းသားကိုပဲ...ချစ်လာခဲ့တာပါ...ချင်းအာမိဘတွေရဲ့ဖိအားပေးမှုတွေကြောင့်...အရှင့်သားကိုလက်ထပ်ခဲ့ရတာပါ...ဟင့်...ဒါ....ဒါကို...မင်းသားက...ဟင့် "

မင်မော့ရန်-" မငိုပါနဲ့လားချင်းအာရယ်...ကိုယ်တို့ကမဖြစ်နိုင်မှန်းချင်းအာအသိပါ...ခုတောင်အကိုတော်မသိခင်ချင်းအာကိုခိုးပြီးတွေ့နေရတာ...ကိုယ့်အတွက်မလွယ်ကူဘူး...အပြစ်သားလိုခံစားနေရတယ်.... "

မော့ရန် သူ့ရှေ့မှ မျက်နှာငယ်လေးအား သနားကြင်နာစွာကြည့်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

ဖန်ချင်းအာ-" ဟင့်...မင်းသားမသိလို့ပါ...အရှင့်သားကချင်းအာကိုမချစ်ပါဘူး...ချင်းအာကိုလာတောင်မတွေ့တာ...ဒီနန်းတော်မှာချင်းအာတစ်ယောက်တည်းပဲ...အထီးကျန်ခဲ့ရတာ...ခုလည်းလန်ဟွားရင်နဲ့...လက်ထပ်ခဲ့တာကိုကြည့်လေ...အရှင့်သားမှာ....ချင်းအာအပြင်တစ်ခြားသူတွေအများကြီးရှိနေပြီးသားပါ....အင့်....ဟင့်....ဟင့်.... "

မင်မော့ရန်-" ချင်းအာရယ်....ကိုယ်ဘယ်လိုပြောရက်မှာလဲကွာ...မငိုပါနဲ့... "

ဒါမမှန်ဘူး ငါနဲ့ချင်းအာနဲ့ဒီလိုကိုယ်ကျင့်တရားဖောက်ပြားနေတာ အကိုတော်အပေါ်မတရားဘူး အကိုတော်ကျွန်တော်တောင်းပန်ပါတယ် ချင်းအာကို သနားလွန်းလို့ ကျွန်တော်မငြင်းနိုင်ဘူးဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးပြတ်သားနိုင်အောင်ကြိုးစားပါ့မယ် ညီတော်ကိုခွင့်လွှတ်ပါ

မော့ရန် တုန်ရီနေသော ကိုယ်လေးအား ပွေ့ဖက်နှိပ်သိမ့်လိုက်သည်။

.......
.......

လန်ဟွားရင်-" မိန်းမလေး... "

ဟွားရင် အိပ်ယာပေါ်မှ ဆွဲဆောင်မှုရှိသောအသံဖြင့် မိန်းမလေးအား ခေါ်လိုက်သည်။ အခုချိန်က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညဖြစ်လေသည်။ ဒါကို ရေခဲတုံးကြီးမှာ မလှုပ်မလျက်နဲ့ သူ့အားကျောပေးကာ သေရည်သောက်နေလေသည်။ ဒီလူမှာ သူ့ကိုအကြာကြီးစောင့်လိုက်ရတဲ့အပြင် အခန်းတွင်းသို့ ရောက်လာသည့်အခါတွင်လည်း သေရည်သာသောက်နေလေသည့်အတွက် အနည်းငယ်တော့ စိတ်ဆိုးချင်လာသည်။

System foxyOnde histórias criam vida. Descubra agora