🍁//Chapter-8//🍁

680 47 5
                                    

Unicode 🍊

''အမေရေ...ဒီမှာမြို့အုပ်မင်း အလည်လာတယ်..မီးဖိုချောင်ထဲက ထွက်ခဲ့ပါဦးလား"

အမေဆိုသည်မှာလဲ မြို့အုပ်မင်းကို သူ့သားလို့သတ်မှတ်ထားသူဖြစ်တာကြောင့် ဘာမှမသိမတတ်၊ မလုပ်တတ် မကိုင်တတ်တဲ့ Khaotungကို မီးဖိုချောင် ထဲမှာ ထားခဲ့ရင်း ဧည့်ခန်းထဲကို ကြွသွားတော့သည်။

"ဘာတွေများ ချက်ပြုတ်နေတာလဲ ဒေါ်ဒေါ်ရယ်.... အနံ့တွေကို မွှေးကြိုင်နေတာပဲ"

မြို့အုပ်မင်း ရဲ့စကားသံအဆုံး မီးဖိုချောင်ထဲမှာ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ မြည်သံတွေထွက်ပေါ်လာသည်။
အခြားတော့မဟုတ်...အသေးကောင်လေးဟာ လျှောက်ထု နေခြင်းပင် ဖြစ်လိမ့်မည်.....

"ပုစွန်ဆီပြန်ဟင်းလေး ချက်နေတာပါ သားရယ်...ဟဲ့ Khaotungလေး... သားအစ်မက အခုမှ အလုပ်က ပြန်လာတာမလို့ ဒီကသားအတွက် ကော်ဖီ ပူပူလေး တစ်ခွက် ဖျော်ခဲ့ပေးကွယ်...အမေဒီမှာ စကားပြောနေလို့...."

"နို့ဆီများများ ထည့်ပေးလိုက်နော် Khaotung... မြို့အုပ်မင်း က အခါးဓာတ်ကို သိပ်မကြိုက်ဘူး"

အမေဖြစ်သူကရော အစ်မဖြစ်သူကပါ တစ်ယောက်တစ်ပြန်စီ အော်ကာ အမိန့်ပေးနေသည်မလို့.....

"ဟုတ်ကဲ့ပါ အမေနဲ့အစ်မရယ်...ကျွန်တော် ကောင်းကောင်းလေး ဖျော်ခဲ့ပေးပါ့မယ်ဗျာ့"

အသေးကောင်လေးရဲ့ အော်သံကိုကြားတော့ မြို့အုပ်မင်းမှာ မရယ်ပဲမနေနိုင်....ခါတိုင်းလို ကော်ဖီမှုန့်တစ်ခုထဲပဲ သပ်သပ်ဖျော်လာမှာကိုလဲ သိသလိုရှိပင်မဲ့....
မသိချင်ယောင်ဆောင်ကာ အသေးကောင်လေး ေဖျာ်ပေးသည့် ကော်ဖီမလို့ အရသာခံကာ...သောက်ရပေဦးမည်။

"ရော့...ဒီမှာ သုံးဆောင်ပါဗျ မြို့အုပ်မင်း... "

စေတနာ မပါ့တပါနဲ့ ချလာပေးတဲ့ ကော်ဖီခွက်ကို ကြည့်လို့ ထပ်ပြုံးရပြန်သည်။

"ကျွန်တော်ကတော့ အသေးကောင်လေး ဖျော်ပေးတဲ့ ကော်ဖီကို တစ်သက်တာလုံး သောက်ချင်မိသား..ဒေါ်ဒေါ်"

ရိသဲ့သဲ့စကားကို သူ့ဆီ မဟုတ်တော့ဘဲ မိခင်ဖြစ်သူဆီကို မြို့အုပ်မင်းက သွားပြောလေတော့......

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now