Unicode 🍊
''ကျုပ်ကို ဒီနေရာခေါ်လာပြီး ဘာများပြောမှာလဲလို့.... ပန်းချီဆွဲ ဖို့ရာ အဖော်လိုလို့များ ခေါ်လေသလား...ကျုပ်အလုပ်တွေကတော့ဖြင့် မနည်းကျန်သေးတယ် အသေးကောင်လေးရဲ့...."
နေကြာပန်းခင်းကြီးအား နောက်ခံထား၍ ဆွဲနေသောပန်းချီကားထဲသို့ စိတ်နှစ်ပြီးရေးဆွဲနေသည့် အသေးကောင်လေးကို မြို့အုပ်မင်းဟာ စီးကရက်တစ်ချက်ဖွာရင်း... ပြောလာခဲ့သည်.......
"စီးကရက်တွေ သောက်နေပြန်ပြီလား မြို့အုပ်မင်းရယ်....အစ်ကိုPat(ပတ်ပ်)ပြောတော့ မြို့အုပ်မင်းက စိတ်ညစ်တဲ့အခါ...စိတ်တိုတဲ့အခါ...စိတ်အားငယ်တဲ့ အခါတွေမှာ စီးကရက်သောက်တတ်တယ်ဆို... မသောက်ပါနဲ့လားဗျာ... ကျန်းမာရေးအတွက် ဆိုးကျိုးများလွန်းလို့ ကျွန်တော်ပြောနေရတာ.... "
''ဗျာ...ကျုပ်က အသေးကောင်လေးအတွက် ဘာမှမဟုတ်တဲ့ပါမွှားလေးပါ... ကျုပ်သေသေရှင်ရှင် အသေးကောင်လေးအတွက် မထူးဘူးမလား...ဘာလို့ဆို..ကျုပ်က..ကျုပ်က..မင်းရဲ့ချစ်သူ Pan Thitawinမှ မဟုတ်ပဲလေ...."
တားနေပါရက်နှင့် ချစ်မိနေသည့် နှလုံးသားရယ်...တားနေပါရက်နှင့် စီးကျလာတဲ့ မြို့အုပ်မင်းရဲ့ မျက်ရည်တွေရယ်....အသေးကောင်လေးက သူ့ရဲ့လက်သေးသေးလေးတွေနှင့် မျက်ရည်တွေကိုသုတ်ပေးရှာလေသည်.......
"အဲ့ဒီ့လိုတော့ မပြောပါနဲ့... မြို့အုပ်မင်းလို လူကောင်းတစ်ယောက်ကို ကျွန်တော်အဆုံးရှုံးမခံနိုင်ပါဘူး..."
"ပြန်လဲ...မချစ်နိုင်ဘူးမဟုတ်လား..."
မြေပြင်ကိုသာ အကြည့်ပို့လို့ မြို့အုပ်မင်းက
ေမးလာသည်....Khaotung မှာ ဖြေစရာအဖြေမရှိခဲ့... ဒါဆိုရင် မြို့အုပ်မင်း ဘယ်လိုထင်သွားမလဲ......."ကျုပ်က ယောက်ျားသားတစ်ယောက်... မျိုးချစ်စိတ်ဓာတ်မရှိတဲ့ နယ်ချဲ့လက်ပါးစေ...ကျုပ်က မင်းရဲ့Panလို အမျိုးချစ်တဲ့သူပီပီ တော်လှန်ရေးမှာတစ်နေရာရာကနေ ပါဝင်နေတဲ့လူလည်းမဟုတ်.... ကိုယ်ပိုင်အိမ်နဲ့ကားလဲ ကျုပ်မှာမရှိဘူး...အစိုးရပေးတဲ့ လစာကို စားပြီးသူတို့စီစဥ်ပေးထားတဲ့ နေရာထိုင်ခင်းမှာပဲ နေရတဲ့သူပါ....
YOU ARE READING
"ကျွန်တော့်ရဲ့မြို့အုပ်မင်း''
FanfictionUnicode🍁 မြို့ကလာတဲ့ကောင်လေးတစ်ယောက်နှင့် နယ်မြို့လေးက မြို့အုပ်မင်းလေးတို့ တွေ့ ဆုံကြသောအခါ............ သူတို့ရဲ့ မသိစိတ်ကချစ်ခြင်းမေတ္တာတွေဟာ ဘယ်ကနေ အစပျိုးလာခဲ့သလဲ.......... (FirstKhaotung 🍊) ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ Zawgyi🍁 ၿမိဳ...