💐Written by Author neyomay 💐
Unicode
စာအံရွတ်သံတွေက ရေတံခွန်တစ်ခုပေါ်ကရေတွေ တဝေါဝေါစီးကျနေသလို ကျွန်တော့်နားထဲကိုပဲ့တင်ရိုက်နေတယ်။ စကားပြောသံနှင့်ငေါက်ငမ်းသံအနည်းငယ်ကလည်း လေပြေကြောင့်လှုပ်ခါသွားတဲ့သစ်ရွက်လေးတွေအသံလို ရံဖန်ရံခါကြားဖြတ်ဝင်လာတတ်တယ်။အပူအအေးမျှတတဲ့နွေရာသီရဲ့ ညနေခင်းတစ်ခုမှာ ကျွန်တော်ဟာခုံတန်းရှည်တစ်ခုအပေါ်ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေခဲ့တယ်။
'ကျွန်ပ်သည် ကျွန်ုပ်၏ချစ်သူကိုချစ်မြတ်နိုးပါ၏။ ကျွန်ုပ်သည် အမှန်တရားကိုပို၍ချစ်မြတ်နိုးပါ၏။'
ကျွန်တော်ဟာ အဆိုပါစာကြောင်းကိုကမ္ပဝါစာဖတ်နေသလို တတွက်တွက်ရွတ်နေမိပြီး ညဉ့်နက်သန်းခေါင်အရက်မူးနေတဲ့တစ္ဆေတစ်ကောင်ပမာ ရစ်ထွေနေသည့်မျက်လုံးတစ်စုံနှင့်အိကျနေတဲ့မျက်ခွံတို့ကို အားယူပင့်တင်လိုက်တယ်။
ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မလှမ်းမကမ်းမှာအဝိုင်းပုံစံ စာရေးစားပွဲခုံတစ်လုံးရှိနေတယ်။ အသက်ငယ်ငယ်အမျိုးသမီးတစ်ယောက်ကအလယ်တည့်တည့်မှာထိုင်နေတယ်။ သူမပတ်လည်မှာဆယ်နှစ်အရွယ်ရှိကလေးငါးယောက်ကဝိုင်းထိုင်နေပြီး white board ပေါ်ကစာတွေကိုကူးရေးနေကြတယ်။ အဆိုပါဝိုင်းရဲ့ညာဘက်အခြမ်းမှာ ဆယ့်နှစ်နှစ်
အရွယ်ကလေးတွေကစာအံနေပြီး White board အနားမှာအသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ရပ်နေတယ်။ သူမလက်ထဲမှာ ဆဌမတန်းသင်္ချာဖတ်စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး ကလေးတွေစာရွတ်တာပြီးဆုံးတဲ့အထိစောင့်နေတယ်။ခေတ်သစ်တက္ကသီလာပြည်ထောင်စုမှာ မင်းမျိုးမင်းနွယ်အကြွင်းအကျန်တွေ စာရေးတံမဲပွဲကျင်းပနေသလို စည်ကားသက်ဝင်နေတယ်။
အမှန်တော့ ဒီနေ့သူ့ရဲ့တစ်နေ့တာစာကျက်ရမယ့်တာဝန်ပြီးဆုံးသွားခဲ့ပြီ။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့အိမ်စာနည်းနည်းလုပ်ပြီးရင်အနားယူနိုင်ပြီ။
ဒါဆိုသူဘာလို့အိမ်မပြန်သေးတာလဲ....
ဘယ်သူ့ကိုစောင့်နေတာလဲ....
YOU ARE READING
White Butterfly & Neyomay's short stories collection
Short StoryShort Stories Collaboration with Neyomay