The Liar From Summer Dairy (Part-3)

7 2 0
                                    

Unicode
စာရေးဆရာအာကာယံ၏ စာအုပ်အသစ်သည် နောက်လ
ဆန်းပိုင်းတွင်ဖြန့်ဝေတော့မည်။

အယ်ဒီတာနဲ့စကားအနည်းငယ်ပြောပြီးပြန်ထွက်လာချိန်၌
ကောင်းကင်တခွင်မှာ အမှောင်ထုတွင်းသို့နစ်မြုပ်နေပြီ။

နွေည၏မိုးကောင်းကင်သည် တိမ်လွှာကင်းကာကြယ်ပွင့်
လေးများပြွတ်သိပ်နေ၏။ တိုက်ခတ်သည့်လေပြည်သည်
သိမ်မွေ့သောလစန္ဒာအောက်တွင် အေးမြနေသင့်သည့်
တိုင် အိုဇုန်းလွှာပေါက်ပြဲမှုဒဏ်ကြောင့်ကျန်ရစ်ခဲ့သောအ
ပူဒဏ်ကိုမတွန်းလှန်နိုင်ရှာဘဲ လူတိုင်း၏ချွေးများကိုပင်အ
ငွေ့ပျံစေသည်။ လမ်းမကျယ်ထက် မရေတွက်နိုင်သောမြားထိပ်ဖူးများနှယ် ကားများ၏ရှေ့မီးအလင်းရောင်သည်
သူ၏မတုန်မလှုပ်မျက်ဆံနက်များအတွင်း လူးလာခေါက်
ပြန်နေလျက် သက်တံ့တစ်ခု၏ရောင်စဉ်များနှယ်သေးသွယ်စွာရွေ့လျားနေပေသည်။ ပလက်ဖောင်းပေါ်ရပ်နေရင်း
စက္ကန့်မလပ်ပြေးလွှားနေသည့် ကားများစွာကိုကြည့်မိပြီး
သူ၏ဦးနှောက်မှာနှောင့်ယှက်ခံလိုက်ရသောကြောင့် ကမောက်ကမဖြစ်သွားသောဆားကစ်ပတ်လမ်းတစ်ခုနှယ် လုပ်ငန်းဆောင်တာများ ယာယီနှေးကွေးသွား၍ ခန္ဓာကိုယ်မှာဒယိမ်းဒယိုင်ဖြစ်လာသည်။

ယနေ့တစ်နေ့တာကသူ့အတွက် ယခင်နေ့များကထက်စိတ်ဖိစီးခဲ့ပြီး သူ၏ကိုယ်တွင်းမှအားများဆုတ်ယုတ်နေသည်ကိုခံစားရသည်။ သူအိမ်သို့အမြန်ပြန်ကာ ပူနွေးသည့်
ထမင်းဖြူတစ်ဇလုံနှင့်ကြက်သားဟင်းကို ငါးပိရည်နှင့်တို့
စရာအစုံအလင်ဖြင့်စား၍ မနက်မိုးလင်းသည်အထိတဝကြီးအိပ်စက်အနားယူချင်သည်။

သို့လင့်ကစား ၎င်းသည်သူ၏နှလုံးသားမှပေါက်ဖွားလာပြီး
အတင့်ရဲလွန်းလှပါသော စိတ်ကူးယဉ်မှုလေးတစ်ခုသာဖြစ်နေသည်။

ဦးနှောက်မှဓမ္မဓိဌာန်ကျသည့် လှောင်ပြောင်သရော်မှုကို
အပြင်းအထန်ခံစားလိုက်ရသည့်အခါ ၎င်းမှာသိမ်ငယ်လျက်အရှက်တကွဲဖြင့် ဖျော့တော့မှေးမှိန်သွားကာအစအနမ
ကျန်အောင်ပျောက်ကွယ်သွားရလေသည်။

သူသည်ဝမ်းနည်းပက်လက်ဖြင့်ပင့်သက်ရှိုက်လိုက်သည်
တွင် ကားအိတ်ဇောပိုက်မှကာဗွန်နံ့များကြောင့် အဆုတ်
တစ်ခုလုံးကျပ်ထုတ်သွားရ၏။

White Butterfly & Neyomay's short stories collection Where stories live. Discover now