အချစ်ဆိုသည်မှာ...part 11(end)

63 3 0
                                    

"ဟု အမေ အဲ့မှာလေ ရိပေါ်ကြောင့်ပေါ့ အလုပ်မှာအရေးကြီးလို့ဆိုပြီးလှမ်းခေါ်တာနဲ့ နည်းနည်းနောက်ကျသွားတာပါ "

"ဟုတ်ပါပီ လာလာ အမေတို့ပြောစရာရှိတယ်"
ရိပေါ်နဲ့ ရှောင်ကျန့်လည်း သူတို့အမေနားသွားထိုင်လိုက်ကြတယ်

"ပြောလေ အမေ"
လို့ရှောင်ကျန့်ပြောလိုက်တာနဲ့
ရိပေါ်အမေနဲ့ရှောင်ကျန့်အမေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

"အမေတို့ မြေးချီချင်တယ် သား"

"ဗျာ! "နှစ်ယောက်လုံး ဗျာမိပါတော့တယ် သူတို့အမေစကားကဘာအဓိပ္ပါယ်ကြီးပါလိမ့် သူတို့နှစ်ယောက်လုံးက ယောက်ကျားလေးတွေလေ

"သားတို့ကို ကလေးမွေးစားခိုင်းမလို့ပါ ကလေးမမွေးခိုင်းပါဘူး သားရဲ့"

"အော် "

"အမေရဲ့မိတ်ဆွေတစ်ယောက်က မိဘမဲ့ ဂေဟာဖွင့်ထားတာလေ အဲ့ဒါမနက်ဖြန်ကျရင် သားတို့သွားပြီးကလေးတစ်ယောက်လောက်မွေးစားကြပါလား နော်" အမေနှစ်ယောက်လုံးက အဲ့လို ပြောနေကြတော့ သူတို့နှစ်ယောက်သဘောမတူလည်းသဘောတူရမယ့်ကိန်း ဆိုက်နေပီလေ အဲ့ဒါကြောင့်သဘောတူလိုက်တယ်.....

သူတို့လည်း သူတို့အမေနှစ်ယောက်သွားခိုင်းတဲ့မိဘမဲ့ဂေဟာကို သွားကြည့်လိုက်တယ်...

ကလေးတွေက ဖြူဖြူလေးနဲ့ တကယ်ကိုချစ်စရာအတိကို သူတို့မိဘတွေဘာကြောင့်များ စွန့်ပစ်ခဲ့ကြလဲမသိပေ...။

ရှောင်ကျန့် ကလေးတစ်ယောက်မွေးစားဖို့ကလေးလေးတွေကိုကြည့်နေတုန်း သူနားကနေ ကလေးတစ်ယောက်ဟာ ဖြတ်သွားခဲ့တယ် သူကတခြားကလေးတွေလို မဟုတ်ပဲအေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လေးသူကိုမြင်ရတာ ဝမ်ရိပေါ်ရဲ့ကလေးပေါက်စအရွယ်ကိုမြင်လိုက်ရသလိုပင်ခံစားရတယ် ထူးဆန်းလိုက်တာ...ဝမ်ပေါက်စရဲ့ပါးဖောင်းဖောင်‌းတွေက သူမှာရှိနေတယ် ပီးတော့အကျင့်တွေလည်းသွားကိုက်ညီပြန်နေရော

ဂေဟာမှူးကိုမေးလိုက်တော့

"အော် သူလား သူနာမည်က ရှောင်ဟန်တဲ့ သူမိဘတွေရဲ့ဇာတ်လမ်းကထူးဆန်းတယ် သူအမေက မြန်မာနိုင်ငံမှာကြီးတာလေ နောက်တော့သူတို့မိသားစုတရုတ်ကိုပြောင်းလာခဲ့ကြတယ်..အဲ့မှာကြီးကြီးတက်ချမ်းသာတဲ့သူဌေးသားနဲ့ကြိုက်ပြီးကလေးရသွားတယ်နောက်ပိုင်းဘာဖြစ်လဲတော့မသိဘူး ကလေးသုံးနှစ်အရွယ်မှာ အမေဖြစ်သူက ကျမတို့ဂေဟာကိုလာပြီး သူတို့အကြောင်းပြောပြပြီး သူအဖေအရင်းသူကိုရှာမတွေ့အောင်လို့ဖွက်ပေးပါလို့နောက်ဆုံးမှာသွားပြီးပျောက်သွားတော့တာပဲ ကလေးကသနားစရာပါ မိဘတွေကြားမှာ သူမြေစာပင်ဖြစ်ရတယ်"

အချစ်ဟူသည်မှာ...Место, где живут истории. Откройте их для себя