အချစ်ဟူသည်မှာ...part 10

33 2 0
                                    

"ဝမ်ရိပေါ် နင်မျက်နှာပျက်သွားတာမြင်ရတာ စိတ်ချမ်းသာလိုက်တာနော့် ငါကစတာပါဟ ငါစလိုက်တာ ဟားဟား"

"ဟမ်?"

" နင်သတင်းတွေကြည့်လိုက်တိုင်း‌ရှောင်ကျန့်ကိုဘယ်လောက်ချစ်မှန်းသိတယ်လေ  အဲ့ဒါကြောင့်နင်ကိုအမြင်ကတ်လို့စလိုက်တာ ဖြစ်ပျက်သွားတဲ့ မျက်နှာကို ငါရှောင်ကျန့်ကို ပြချင်လိုက်တာနော့်"

"မင်း ငါကို နောက်နေတာ တော်‌သင့်ပီ အခုပြော ဘာကိစ္စကြောင့်ငါနဲ့ဆွေးနွေးချင်တာလဲ ရှောင်းမေ"

"အင်း နင်တို့ ကုမ္မဏီမှာရှယ်ယာဝင်ထားတဲ့ အ‌ေကြောင်းအရင်းက အဟမ်း! ငါလူချောလေးကို မြင်ချင်လို့ ဒီမှာငါသဘောကျနေတဲ့သူတစ်ယောက်ရှိတယ် အဲ့ဒါ "

"အော် ဘယ်သူလဲ"

"အင်း ... နင်ရဲ့သူငယ်ချင်း စစ်ကျွေး "

"ဘာ! စစ်ကျွေး?"

"အင်း ဟုတ်တယ်"

ဟုတ်ပါတယ် ရိပေါ်တို့ကုမ္မဏီမှာရှိနေတဲ့ စစ်ကျွေးက သူအဖေ နဲ့ပြသာနာဖြစ်ပီး  သူမိဘအိမ်ကနေ ဆင်းလာတဲ့စစ်ကျွေးက သူ ကုမ္မဏီမှာ ဝင်လုပ်နေတာပါ တကယ်တော့ သူဝင်လုပ်နေတာတော့မဟုတ် ရိပေါ် ကိုယ်တိုင် ဝင်လုပ်ဖိူ့အကူအညီ တောင်းခဲ့ ခြင်းသာဖြစ်တယ် စစ်ကျွေးက တကယ်ကိုတော်တဲ့သူတစ်ယောက်မို့ ရိပေါ်အနေဖြင့်လက်မလွှတ်ချင်ခဲ့တာကြောင့်သာဖြစ်တယ်

"မင်းစစ်ကျွေးကို ‌သဘောကျတယ်ဆိုတာ သေချာရဲ့လား"

"အင်း ငါမြင်မြင်ချင်း သဘောကျသွားတာ သူကို...."ရှောင်းမေ ပြောရင်းနဲ့သူနဲ့စတွေ့ခဲ့တဲ့နေ့ကိုအမှတ်ရသွားခဲ့တယ်

ရှောင်းမေ ကကော်ဖီဆိုင်မှာထိုင်နေရင်းနဲ့ ခပ်တည်တည်နဲ့ လမ်းလျှောက်လာတဲ့ ခပ်ချောချော ယောင်္ကျားလေးတစ်ယောက်ကိုတွေ့လိုက်ရတယ် သူဝမ်ရိပေါ်ကလွဲရင် နောက်ထပ်ထက်မချစ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ပေမယ့် ထိုသူကြောင့် ..ရင်တွေတုန်လာခဲ့တယ် နှလုံးရောဂါများ ဖြစ်ချင်သလားလို့ပေါ့ တကယ်တော့ မဟုတ်ခဲ့ သူကြောင့်သာဖြစ်နေခဲ့တယ်....

"ငါအဲ့ထဲက လူနောက် တောက်လျှောက်လိုက်ပီး သူနဲ့အရောဝင်ဖို့ လုပ်ခဲ့ပေမယ့် သူကသူမကြိုက်တဲ့ အစားအစာလိုမျိုး ဆက်တိုက်ငြင်းနေခဲ့တာ ရည်းစားစကားပြောတယ်လို့မထင်နဲ့နော့် သူငယ်ချင်းလုပ်ဖို့ပဲပြောခဲ့တာ...ရည်းစားစကားသာပြောရင် ပိုတောင်ဆိုးမလားမသိ...! "

အချစ်ဟူသည်မှာ...Donde viven las historias. Descúbrelo ahora