(ကိုကို)
He can be my lighthouse.
သူကငါ့ရဲ့ လမ်းပြမီးတိုင်လေး ဖြစ်နိုင်တယ်။ မိုးတွေသည်းပြီး ကောင်းကင်က ပိန်းပိန်းပိတ်အောင် မဲမှောင်နေချိန် သူက ငါ့ရဲ့အလင်းရောင်လေး ဖြစ်လာနိုင်တယ်။"မင်းကိုဆေးလိပ်တွေ မသောက်နဲ့လို့ ငါပြောထားတယ်ထင်တယ်"
"ကျစ်! ကိုကိုကဗျာ ကျွန်တော့်ကိုနေရာတကာ သိပ်ချုပ်ချယ်ချင်တယ်"
"အုန်း!"
လက်ချောင်းတွေနဲ့ လက်ဖျံတွေမှာ ဟိုတစ်စသည်တစ်စ တက်တူးတွေ ပျံ့ပျံ့ကြဲကြဲထိုးထားတဲ့ကောင်လေးက စိတ်ကောက်သွားတယ်။ ဘေးမှာချထားပေးတဲ့ အမှိုက်ပုံးသေးသေးလေးကို အုန်းခနဲ မြည်အောင်ကန်ထုတ်ပြီး ဧည့်ခန်းထဲက ထထွက်သွား၏။ ဆွဲလုထားတဲ့ စီးကရက်လက်ကျန်လေးကို တစ်ဖွာရှိုက်လိုက်ပြီး ဆိုဖာပေါ် ထိုင်ချပစ်လိုက်သည်။
အကြောင်းအရာမယ်မယ်ရရမရှိ ဟိုသည်တွေးနေရင်းမှာပဲ လက်ထဲက စီးကရက်က ပြာဖြစ်တော့မယ်။ ပြာခွက်ထဲထိုးသတ်၊ အသက်တွေကို ဝဝရှူလိုက်ပြီး ကောင်လေးကန်ထုတ်သွားတဲ့ အမှိုက်ပုံးကိုပြန်ထောင်၊ ပြန့်ကျဲသွားတဲ့ အမှိုက်တွေကို ရှင်းနေလိုက်တယ်။
်မကြာလိုက်ဘူး လည်သာဂျာကင်ကို လက်ကဆွဲရင်း စွပ်ကျယ်လက်ပြတ်အင်္ကျီတစ်ထပ်ထဲနဲ့ နောက်ဆေးလိပ်တစ်လိပ် နှုတ်ခမ်းမှာကိုက်ရင်း ပြန်ထွက်လာတယ်။
ရှောင်းကျန့်က အမှိုက်တွေသိမ်းကြုံးကိုင်ထားရင်း
"ဘယ်သွားဦးမလို့လဲ"
"ဘယ်သွားသွားပေါ့"
ဆေးလိပ်ကိုပါးစပ်မှာကိုက်ထားလို့ ပြန်ဖြေသံက ပလုံးပထွေး။
ဖိနပ်ကြိုးထိုင်ချည်နေတဲ့ ဝမ်ရိပေါ်က အဖတ်မလုပ်ချင်။ မျက်မှောင်တွေကြုံ့ထားရင်း စိတ်ရှုပ်နေပုံ။