အခန်း ၄

563 100 9
                                    

Unicode

"ကိုကို မလုပ်နဲ့ ရှုံးတော့မယ်ဗျာ!"

"မင်းလက်နာနေတယ်ဆို"

"နာတာနဲ့ ဂိမ်းနဲ့ဘာမှမဆိုင်ဘူးလေ"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုတောင် မကြည့်နိုင်၊ ဂိမ်းထဲအာရုံရောက်နေပြီး လက်တွေက ခလုတ်တွေကို ဆက်တိုက်နှိပ်နေသည်။

"ငါပလပ်ပေါက် ဖြုတ်ပစ်မှာနော် အခုဆော့တာရပ်လိုက်တော့"

"ကိုကိုကလည်းဗျာ နေရာတကာလိုက်ပြီး ပြောနေတာပဲ"

"မင်းလက်ကျနာတယ်လည်းပြောသေးတယ် ဂိမ်းကျဆော့နေတယ်"

"ဘာဆိုင်လို့လဲ ကိုကိုရာ"

"ဝမ်ရိပေါ်!"

ရှောင်းကျန့်က သတိပေးတဲ့အနေနဲ့ အော်ခေါ်လ်ု‌ိက်သော်လည်း ထိုကောင်စုတ်လေးသည် ဂိမ်းကိုသာမဲနေဆဲ။

သေနတ်တွေကိုင်ကာ ပြေးလွှားနေကြသော စစ်သားများ၏ ပုံရိပ်သည် တိခနဲပြတ်တောက်သွား၏!

"ကိုကို!"

ဝမ်ရိပေါ်ရဲ့ ဆောင့်ကြီးအောင့်ကြီး ခေါ်သံက ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။

"ဘာလဲ!"

"ကိုကို ဘာလို့အဲ့လောက်ထိ အာရုံနောက်စရာကောင်းရတာလဲ အေးဆေးမနေနိုင်ဘူးလား"

"မင်းပါးစပ်ကိုပိတ်လိုက်တော့ ဝမ်ရိပေါ် ဒီလိုပုံစံနဲ့ဆို ရေရှည်အဆင်မပြေဘူးနော်"

"ရေရှည်သွားဖို့ စိတ်ကူးမရှိပါဘူးလို့ ကျွန်တော် ဘယ်နှစ်ခါပြောရမလဲ စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်တော့"

ရှောင်းကျန့် တိတ်ဆိတ်သွား၏။ ငြိမ်သက်သွားတဲ့ ကတောက်ကဆပွဲမှာ ဝမ်ရိပေါ်ကသာ အောင်နိုင်သူလို။ မနက်ထဲက လက်ကိုထိခိုက်စေမည့် ထိုဂိမ်းအား လက်တလောမဆော့ရန် သူတဖွဖွမှာနေခဲ့တာ။

အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ သူပြောတဲ့ စိတ်ကူးယဉ်မှုတွေ..တစ်စစီပျက်စီးသွားသလိုပါပဲ။ အကောင်အထည် ကြီးကြီးမားမား ပေါ်မလာသေးတဲ့ သူ့အတွေးတစ်ချို့က ဒီစကားပြောတိုင်း ဒီလိုပဲ တိတ်ဆိတ်သွားနေကြ။

Lighthouse Where stories live. Discover now