88🔥

5.4K 542 8
                                    


အိပ်ခန်းထဲမှာ အဖမ်းခံပြန်လာရသူက ခေါင်းငုံ့ပြီး ကုတင်ပေါ်မှာ ထိုင်နေရှာတယ် ။ မျက်နှာပေါ်က ခြယ်သထားတာတော့ သန့်စင်လိုက်ပြီ ၊ အဝတ်လည်း သာမာန်ဝတ်နေကျ ဗြောင်ထည်လေးကို ပြန်လဲထားပြီ ဒါပေမဲ့ ကြောက်တာလား ပင်ပန်းတာလား မသိဘူး တကိုယ်လုံးတုန်နေရှာတယ် ။ သူ့ မျက်နှာချင်းဆိုင်မှာ တည်တံ့လေးနက်စွာ ထိုင်နေပြီး ကြောက်စရာကောင်းတဲ့မျက်လုံးစိမ်းတစုံနဲ့ စူးစိုက်စွာ သူ့ကို ကြည့်နေတယ် ။

" ဘာလို့အိမ်တော်ကို မပြန်တာလဲ ? "

ဒေါသသံပါပါနဲ့ မေးနေသူ အမေးကို နားထောင်ပြီး သူစိတ်မလုံလို့ မပြောရဲတာမို့ သူနူတ်ခမ်းလေးလျှက်ရင်း

" အ... ရှောင်ယောင်းသေးပေါက်ချလို့ "

" သေးခံစလဲတာ တစ်နာရီကျော်ကြာတယ် ? "

" အ... နောက်တော့ သူဗိုက်ထပ်ဆာလို့ "

" တည်းခိုခန်းမှာ ကျားနို့ရှိတယ် ? "

"အ.... တည်းခိုခန်းမှာ သမင်နို့ အဆင့်သင့်ရှိနေတာနဲ့ ရှောင်ယောင်းလည်း ဗိုက်တော်တော်ဆာနေတာနဲ့ , ငါလည်း..."

" သူ့ကို နို့တိုက်ပြီးတော့ကော ? "

" အ ... ရှောင်ယောင်း အိပ်ငိုက်လာလို့ "

တောင်လိုလူတဦးက မတ်တပ်ထရပ်လာတယ် ကုတင်ပေါ်က လူပိုတုန်သွားတယ် သူလည်း မတုန်ချင်ဘူး ဒါပေမဲ့ ထိန်းမရဘူးလေ __'သရဲငိုသံ'ကခုန်ပြီးတဲ့ နောက်ဆက်တွဲပါ ။ တောင်က သူ့ကို အုပ်လိုက်တယ် ကြမ်းတမ်းတဲ့လက်ချောင်းက သူမေးစေ့ကို ညှစ်ကိုင်လိုက်ပြီး သူ့ကို မော့စေတယ် ၊တရိပ်ရိပ်တက်နေတဲ့ဒေါသလား ပေါက်ကွဲနေတဲ့ ဒေါသလား မသိသာတဲ့ မျက်နှာက ကပ်လာလေတယ် ။

" ရှောင်ယောင်း ကို ပို့လိုက်ရမလား ဒါမှမဟုတ် ငါသွင်းတာခံမလား မင်းကိုယ့်ကိုရွေး "

မျက်လုံးဝိုင်းလေးကျယ်သွားတယ် ယွဲ့ချုံ မျက်လုံးတောင် ပြုတ်ကျတော့မယ် ဒီလူ ဒီလို ဒီလို ကြမ်းတမ်းတဲ့စကား ပြောတယ် ! အစကတည်းက အားကုန်သုံးထားလို့ ပန်းရောင်သန်းထားတဲ့ မျက်နှာလေး အခုတော့ အနီရောင်ရဲရဲ ဖြစ်သွားလေပြီ

မျက်ကွယ်ထဲက ရတနာ ⭐✨⭐ Myanmar  Translation Donde viven las historias. Descúbrelo ahora