Chapter _ 12 ( Final )

1K 41 0
                                    

Unicode
Chapter _ 12

Final Part-2 ( End )

" Mike!... အပြင်မှာ ဧည့်သည်ရောက်နေတယ်..၊ Mikeနဲ့သိတယ်လို့လည်း ပြောတယ်... နာမည်က မဟူရာတဲ့ "

" မိန်းကလေးလား.... "

" ဟုတ်တယ်... မိနိးကလေးတစ်ယောက်ပဲ "

ရင်ဘတ်ကဒဏ်ရာကြောင့် ကိုယ့်အခန်းထဲကို အနားယူနေတဲ့ဘာမထီကိုက ဓနရှိုင်းရဲ့စကားကြောင့်  ဝင်လာတဲ့Zeikရဲ့စကားကြောင့် မျက်မှောင်ကြုံ့မိသည်။ အပန်းဖြေအိမ်ကနေပြန်ရောက်လာကတည်းက သူ့ရင်ဘတ်ထဲမှာ တစ်စုံတစ်ခုကိုဆုံးရှုံးသွားရသလိုမျိုး၊ သေလောက်အောင်လွမ်းမိနေတာမျိုး၊ ထိုသို့ မရေရာမသေချာတဲ့တစ်စုံတစ်ခုကြောင့် ပြောမပြတက်အောင်ခံစားနေရတယ်။ ထိုတစ်စုံတစ်ခုက သူ့အတွက် အရမ်းအရေးကြီးသည်ကို သူ့မသိစိတ်ကပြောပြနေတယ်။ ဒါပေမဲ့ သူ လုံးဝပြန်စဥ်းစားလို့မရဘူး။

" ငါနဲ့သိတယ်တဲ့လား....၊ ငါ့အသိထဲမှာ မဟူရာဆိုတဲ့နာမည်နဲ့မိန်းကလေးမျိုး မရှိဘူး... "

ဘာမထီကို တစ်ကယ်စဥ်းစားမရ၍ Zeikကိုကြည့်ပြီး ပြောလိုက်သည်။

စိတ်ရှုပ်နေတဲ့ဘာမထီကိုရဲ့ပုံစံကြောင့် ဓနရှိုင်းက အလိုက်တသိပင် ဧည့်သည်ကိုတွေ့ဖို့ငြင်းရန်ဆုံးဖြတ်လိုက်သည်။

" ခဏလေး... Zeik ၊ သူကို ဝင်လာခိုင်းလိုက် "

" မင်း အဆင်ပြေလို့လား.... "

" အင်း ရတယ်....၊ ငါ့စိတ်က သူနဲ့တွေ့ချင်နေတယ် "

ခဏအကြာမှာတော့ အနီရောင်လည်ပင်းဟိုက်နေတဲ့ဂါဝန်ကိုဝတ်ဆင်ပြီး မိတ်ကပ်အပြည့်နဲ့နှုတ်ခမ်းနီရဲရဲတောက်နေအောင်ဆိုးထားတဲ့အမျိုးသမီးက သူ့ကို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသည်ကို အပေါ်ထပ်ကနေဆင်းလာတဲ့ဘာမထီကို ပထမဆုံးမြင်လိုက်သည်။ ထိုအမျိုးသမီးရဲ့မျက်နှာကို ဘာမထီကို ရင်းနှီးနေသည်ဟုခံစားရပေမဲ့ မည်သည့်နေရာတွင်တွေ့ဖူးခဲ့မှန်း စဥ်းစားမရပေ။

ဘာမထီကို ဘာကိုမှမရေရာတဲ့အတွေးတွေကြောင့် သူ့ရဲ့မျက်နှာက နဂိုထက်ပိုပြီးတင်းမာလာသည်။ မဟူရာ သူ့ပုံစံကိုကြည့်ပြီး ပြုံးနေသည်။

Steps to your beating heart [ Completed ]Onde histórias criam vida. Descubra agora