"ကျွန်တော် သူ့ကို ရှာတွေ့ပြီ"
Xiao Zhan
Wang Yibo
.
.
ကျောက်တုံးကျောက်စိုင်၊သစ်သားနဲ့ ရွံ့အုပ်ကျိုး တို့ကို ရောစပ်ပြီး တည်ဆောက်ထားတဲ့ ရှောင်းကျန့်ရဲ့ တစ်ကိုယ်တော်နေအိမ်လေးဟာ အေးချမ်းတဲ့ညနက်နက်ရဲ့ လေပြေအေးနဲ့အတူ ရိုးရာမပျက် တိတ်ဆိတ်ငြိမ်သက်လို့။ခိုနားရာသို့ ပြန်ရောက်လာပြီ ဖြစ်တဲ့ အိမ်ကြီးရှင်က ဝတ်ဆင်ထားတဲ့ သားရေဖိနပ်ရှည်ကို အိမ်ဦးခန်း အဝင်ဝမှာတင် ပွတ်တိုက်ချွတ်လို့ ကျော၌လွယ်ထားတဲ့ လေးနဲ့မြှားကို သစ်သားနံရံပေါ်က ချိတ်မှာ ချိတ်ကာဆွဲသည်။လက်ဖက်ရည်ခန်းမမှ ရေနံဆီမီးအိမ်လေးတွေကို လိုက်ကာ မီးညှိလိုက်တော့လည်း မီးရောင်တလဲ့လဲ့အောက်မှာ ဒီအိမ်ကလေးက ထင်သလောက် အထီးကျန်ဖွယ်မကောင်းတော့သလိုပဲ။လက်ထဲမှ သေရည်အိုးကို လက်ဖက်ရည်စားပွဲပေါ် အသာတင်ရင်း ကျောဘက်မှာ အသာချည်ထားတဲ့ ဆံနွယ်ရှည်တွေကို ဖြန့်ကာချကာ သက်ပြင်းငွေ့ကို မှုတ်ထုတ်မိတဲ့ ရှောင်းကျန့်က အလင်းရောင်အောက်မှာ အပေါ်အောက်ဆင်တူ အနက်ရောင်ဝတ်စုံနဲ့ မဟူရာတောက်လို့။"မင်္ဂလာပါ ကျွန်တော်က ဝမ်ရိပေါ်ပါ"
"လူကြီးမင်း သိအောင်ပြောရရင် ကျွန်တော်က ရေသူ မိစ္ဆာလေ"
YOU ARE READING
Hold You In My Arms Every Second 🐚
RomanceYou give me the love that I will never want to lose in my life 🐚 ZSWW (Myanmar) (Zhanyi Short Story) Xiao Zhan-Seme Wang Yibo-Uke Cover credit to the original creator 🙏 Some of the pieces of plot are inspired from Manga. -Present for Zsww CRPH...