4th Page

382 34 47
                                    

ဂယူဘင်း ခွင့်တိုင်ထားပေးတာမို့ အိမ်မှာ စာအုပ်ဖတ်နေရင်း လင်းလာတဲ့ Ph Screenကြောင့် ကြည့်လိုက်တော့ ရည်းစားအသစ်စက်စက်လေး ဆီကမို့ စာအုပ်ကို ပစ်ချလိုက်ကာ စာပြန်ရိုက်ရင်းလက်ချောင်းလေးတွေကိုအလုပ်ပေးလိုက်တော့သည်။

"အတန်းချိန်ကြီးမလား စာလိုက်မကြည့်ဘူးလား"

"အတန်းတောင်တက်ချင်တာမဟုတ်ဘူး မနေ့ကပျက်ထားလို့သာ"

"အတန်းပြီးတာနဲ့ အိမ်ပြန်လာမှာလား"

"အင်း ငါလာခေါ်မယ်လေ ပြီးရင် အိုမားဆီတူတူသွားကြမယ်"

"အဲ့တာဆို ရောက်ရင်ဖုန်းခေါ်လိုက်နော်
စာပြန်မပို့နဲ့တော့ professor မိသွားရင်ဆူခံနေရဦးမယ်"

ဂယူဘင်းက အမြဲတမ်းစာသင်ချိန်လည်း ဝင်လာသမျှစာတွေအကုန်ပြန်ဖြေတတ်တာမို့ ခဏခဏဆူခံရပြီး ဖုန်းသိမ်းခံရတတ်သည်။ တစ်ခါကလည်း
အတန်းချိန်ကြီး majorက စီနီယာတွေနဲ့ gp chatမှာ "တင်ပါးက တစ်ခုလား နှစ်ခုလား" ဆိုပြီး
အငြင်းခုံလုပ်နေကြတုန်း professor နဲ့မိတာမို့
တစ်အုပ်လုံး "တင်ပါးကတစ်ခုလား နှစ်ခုလား" ခေါင်းစဉ်နဲ့ Presentation တက်လုပ်ရသေးသည်။
အဲ့တုန်းက ငိုမဲ့မဲ့လေးနဲ့ပြန်လာတဲ့
သူ့ကင်ဂယူကိုကြည့်ရင်း နေမထိထိုင်မထိနဲ့ တင်ပါး
တစ်ခုနှစ်ခု ပြဿနာကို သူပါဝင်ကူပြီး ဖြေရှင်းပေးရသေးသည်။

ကင်ဂယူနဲ့သူ သူငယ်ချင်းတွေစဖြစ်တုန်းက majorမတူပေမယ့် စာတူတူလုပ်ရအောင်ဆိုပြီး သူ့အိမ်ကိုတစ်လမှာ ၁ရက်၂ရက်လောက်လာအိပ်တတ်
သည်။ နောက်တော့ တစ်ပတ်၁ရက် အဲ့ကနေ အခုဆို သူ့အိမ်သူတောင်မပြန်တော့ပေ။

ဂယူ စောစောပြန်ရောက်တဲ့နေ့တွေဆို
" ပြန်လာပြီလား ပတ်ဂွန်းဝုရှီး"
ဆိုတဲ့နှုတ်ဆက်သံလေးရယ် သူအရင်ပြန်ရောက်နေတဲ့နေ့ဆိုရင်လည်း
" ပတ်ဂွန်းဝု ပြန်ရောက်နေပြီလား"
ဆိုတဲ့အသံလေးရယ်

"ငါ ဗိုက်ဆာနေပြီ တစ်ခုခုလုပ်ကျွေးပါဦး"
"ဟီး PTလေးမကူပေးချင်ဘူးလား ပတ်ဂွန်းဝုရှီး" ဒီလို ဒီလိုအသံလေးတွေကိုမြတ်မြတ်နိုးနိုးချစ်ရတာမို့ ကင်ဂယူအလိုရှိတဲ့အရာတိုင်းကို ဖြည့်ဆည်းပေးရင်း တစ်သက်လုံးတူတူရှိသွားချင်မိသည်။

HeliophileWhere stories live. Discover now