အဲ့နေ့က ဂယူဘင်းလေယာဉ်ပေါ်ကဆင်းဆင်းချင်း သူနဲ့ရစ်ခီတူတူနေတဲ့ apartment ကိုလာပြီး အထုတ်တွေအပြေးလွှားသိမ်းနေတာမို့ မေးကြည့်တော့ ကိုးရီးယားပြန်တော့မည်တဲ့။
ရှေ့အပတ်က သူ့ညီလေးပျောက်သွားလို့ဆိုပြီး အိမ်ကဆက်သွယ်လာလို့ ကိုးရီးယားကို ခဏပြန်သွားတဲ့ ဂယူဘင်းက ခုပဲ ကိုးရီးယားကပြန်လာတာကို လေဆိပ်မှာကတည်းက ချက်ချင်း ticket ဖြတ် ညနေ flightနဲ့ ကိုးရီးယားကိုအပြီးပြန်တော့မည်တဲ့။ ရစ်ခီကတော်ရုံလူတွေသိပ်မခင်တတ်ပေမယ့် ဂယူဘင်းကိုတော့အတော်ခင်ပါသည်။ တစ်ကျက်ကျက်နဲ့ရန်ဖြစ်တာကရန်ဖြစ်တာသက်သက် ခင်တာကခင်တာသက်သက်ပင်။ မိသားစုထဲမှာ တစ်ခုခုဖြစ်လို့လားမေးတော့ ဖြစ်နေတာ သူပါတဲ့။"Sit down! ရှင်းအောင်ပြောပြဦး Kelvin"
"ငါ့ ညီလေးပျောက်သွားတယ်လို့ပြောတယ်မလား"
"အင်း"
" အဲ့တာ သူ့သူငယ်ချင်း ကျောင်းပြောင်းသွားတာကိုဝမ်းနည်းပြီး ပြောင်းသွားတဲ့ Osanကိုလိုက်သွားတာတဲ့"
"..."
"အဲ့မှာ ငါ့ညီလေးကိုလိုက်ခေါ်ဖို့ ရောက်သွားတဲ့အချိန် သူ့ကိုကလေးတစ်အုပ်က ရန်ရှာနေတာကွာ သူဝတ်ထားတဲ့နာရီကိုတောင်းနေကြတာ"
"အဲ့နာရီနဲ့ မင်း ကိုးရီးယားကိုပြန်မှာနဲ့ဘာဆိုင်လဲ"
"နေပါဦး ဆက်ပြောမှာပေါ့
အဲ့တာငါကတွေ့တော့ သွားမလို့လုပ်နေတုန်း
လူကောင်ခပ်ထွားထွား ကောင်လေးတစ်ယောက်ရောက်လာပြီး အဲ့အနိုင်ကျင့်တဲ့ကျောင်းသားတွေ လက်ကောက်ဝတ်မှာ ဘောပင်နဲ့နာရီတွေဆွဲပေးသွားတာ ဟား"ရစ်ခီကဘာမှမပြောပဲ ငြိမ်ပြီးသာနားထောင်နေလိုက်သည်။
"ဟိုကျောင်းသားတွေထွက်သွားတော့မှ သူက ငါ့ညီလေးကို နာရီပြန်ပေးရင်းခေါင်းလေးပုတ်ပေးပြီးထွက်သွားတာ"
"အဲ့တာနဲ့..."
"ကြိုက်လို့"
"အမ်..?"
"ကြိုက်လို့လို့ အဲ့ကောင်လေးကို အဲ့တာကြောင့် korea ပြန်မှာ"
"What! Kelvin!"
ဘာမှပြန်မပြောပဲ အထုတ်တွေဆက်သိမ်းနေတဲ့ ဂယူဘင်းကိုကြည့်ရတာတော့ မျက်လုံးတွေကတကယ်ဆုံးဖြတ်သားပြီးပုံရပါသည်။