"hyungနဲ့မခွဲချင်ဘူးနော် မသွားရဘူးလုံးဝမသွားရဘူး"
"ကိုယ်လည်းလူံးဝမသွားချင်ပါဘူးဘေဘီရယ် ဒါလုံးဝမဖြစ်မနေမို့လို့ပါ"
"မရဘူး လူံးဝလက်မခံနိုင်ဘူး hyung က ကျွန်တော့်ကိုထားသွားနိုင်တယ်လား ကျွန်တော့်ကိုမချစ်ဘူးလားပြော"
"ခွီ-"
Meeting တစ်ခန်းလုံးဇာတ်ညွှန်းဖတ်သံမှလွဲတိတ်ဆိတ်နေသည့်အခန်းထဲတွေ လီဟီဆွန်းနဲ့ခွီခနဲရယ်သံကြီးကအကျယ်ကြီးထွက်လာသည်မို့အကုန်လုံးရဲ့အကြည့်တွေကသူ့အပေါ်ရောက်လာသည်။အထူးသဖြင့်အရှေ့ကအကောင်ပေါက်လေး။အကောင်ပေါက်လေးဆိုပင်မဲ့လည်းသူ့ကိုကြည့်နေတာများပြာကျမတတ်ပဲ။ မျက်မှောင်တွေကျုတ်ပြီးကြည့်နေတာများ သူ့ဟာသူအတော်ကြောက်ဖို့ကောင်းတယ်ထင်နေပုံရပင်မဲ့ ဟီဆွန်းအမြင်မှာတော့ မုန့်မုန့်မကျွေးလို့စိတ်ကောက်နေတဲ့ငါးနှစ်ကလေးလေးလို့ပဲမြင်သည်။
အကုန်လုံးကြည့်နေသည်မို့ချောင်းတစ်ချက်သက်လိုက်ပြီး
"အဟွန့် ဆောရီးပါ ဆက်ဖတ်ပါဆောနူ"
ဟီဆွန်းဘက်ကိုမျက်စောင်းလေးတစ်ဖက်ထိုးပြီး ဖတ်လတ်စဇာတ်ညွန်းကိုပြန်ဖတ်သည်။ ဟီဆွန်းလည်းမြူးနေတဲ့သူ့စိတ်တွေကိုထိန်းပြီးဇာတ်ညွှန်းထဲပြန်ပြီး အာရုံစိုက်လိုက်သည်။ ဆောနူစိတ်ဆိုးရင်ကိုသူကစိတ်တွေပျော်နေမိတာ။
"ဒီနေ့တော့ဒီလောက်ပါပဲ အားလုံးတာဝန်ကြေသွားကြပါပြီ"
မိနစ်သုံးဆယ်လောက်ကြာတော့ ဒါရိုက်တာကြီးရဲ့စကားနဲ့အတူအားလုံးပစ္စည်းတွေသိမ်းဆဲပြီးထွက်သွားဖို့ပြင်သည်။
"ဟဲ့ ဒီနေ့ငါတို့မင်းသားလေးလီဟီဆွန်းကတော်တော်စိတ်ပျော်နေပုံရတယ် နဂိုဆိုအဲ့လိုမဟုတ်ပါဘူး "
"ဟုတ်ပ တစ်ခါမှအလုပ်လုပ်နေရင်း ဒီလောက်ပျော်နေတဲ့ပုံမမြင်ဖူးဘူး ဇာတ်ညွှန်းဖတ်နေရင်းထရယ်တာပဲကြည့်"
"ငါတို့မင်းသား ရည်းစားများရနေပြီလား အဲသွယ့်"
ဒီနေ့အတွက်တော့ ဝန်ထမ်းတွေကြားထဲ လီဟီဆွန်းပြောင်းလဲနေသည့် topic က hot topic ဖြစ်သွားလို့နေသည်။ ဖြစ်ဆို လီဟီဆွန်းကလည်းလီဟီဆွန်းပါပဲ။ သူ့လောက်ဒီနယ်ပယ်ထဲမှာ အလုပ်ကိုအရမ်းစေ့စပ်သေချာတဲ့မင်းသား၊ အလုပ်နှင့်ကိုယ်ရေးကိုယ်တာနှင့်ကွဲပြားသည့်မင်းသားဟုနာမည်ကြီးသည့်မင်းသားက ဒီနေ့ဇာတ်ညွှန်းဖတ်ပွဲမှာထရယ်တော့အထူးအဆန်းပေါ့။
လီဟီဆွန်းဆိုသည်မှာ အနုပညာလောကထဲကိုစဝင်ထဲကိုက ရလိုက်သည့်ဆုတွေမှာလည်းထားစရာကိုမရှိပင်။ သမင်မျက်ဝန်းလေးတွေနဲ့မင်းသားလေးကိုကြည့်မိတွေ့မိတဲ့လူတိုင်းကြွေဆင်းမိတာပါပဲ။ရုပ်ရည်အပြင်အကျင့်စရိုက်လေးတွေဟာလဲအရမ်းကောင်းမွန်လွန်းလှသည်ဟုသတင်းထွက်လွန်းတဲ့ထိပ်တန်းမင်းသားလီဟီဆွန်းရယ်ပါ။
ဒါဆိုတို့တွေရဲ့ထိပ်တန်းမင်းသားလေးကဒီနေ့ဘာဖြစ်လို့အရမ်းတွေပျော်မြူးနေရတာလဲ။
"ဒီမှာ ခုဏတုန်းကခင်ဗျားဘာလို့ရယ်တာလဲ"
ဝန်းထမ်းတွေအကုန်လုံးထွက်သွားပြီးနောက် ပစ္စည်းသိမ်းနေသည့်ဟီဆွန်းကို ဆောနူခပ်ဆတ်ဆတ်ပဲလှမ်းပြောလိုက်သည်။ ဆောနူစကားသံကြားမှမော့ကြည့်လာသည့် လီဟီဆွန်းကတအားချောလွန်းလို့ အဲ့မျက်နှာကြီးကို ကုတ်ဖဲ့ချင်လာသည်။ ဆံပင်တွေကဘာလို့ခရောင်းရောင်တွေဆိုးထားတာလဲ။ စပျစ်သီးလိုလိုဘာလိုလိုနဲ့။
အကြောင်းအရင်းမရှိပဲအမြဲတမ်းကိုချောနေတော့တာပဲ။
"အို နှစ်ယောက်ထဲရှိနေတယ်ဆိုပြီး မလေးမစားမပြောနဲ့လေ ကိုယ်ကဒီနယ်ပယ်မှာရော ကျောင်းတုန်းကဆိုရင်ရော မင်းလေးရဲ့စီနီယာပါ ခေါ်ကြည့်စီနီယာဟီဆွန်းလို့"
ဆောနူကိုပြုံးပြုံးလေးနဲ့ပြန်ပြောလာသည့်ပုံကတော်တော်လေးကိုအမြင်ကပ်ဖို့ကောင်းနေသည်။ ဒါကတော့ဆောနူအမြင်ပါ တခြားလူသာဒီလိုပုံစံကိုမြင်ရင်အရည်ပျော်ကျသွားနိုင်လောက်အောင် လီဟီဆွန်းကမတရားဆွဲဆောင်မူရှိနေတာ။
"မခေါ်နိုင်ပါဘူး"
"ရပါတယ် စီနီယာလို့မခေါ်ချင်လည်း ကိုကိုလို့ပဲခေါ်ပေါ့ဘေဘီရယ်"
"ဘာဗျ ခင်ဗျားကရူးနေတာပဲ !"
ဆူဆောင့်ဆောင့်နှင့် မျက်နှာကြီးတစ်ခုလည်း ရွိ့တွပြီးပြောကာ အခန်းထဲမှ ဇိုးဇိုးဇတ်ဇတ်ထွက်သွားသည့်ပုံကို ဟီဆွန်းတစ်ယောက်ကြည့်ပြီး အားရပါးရကိုရယ်နေမိတော့သည်။ ဒေါသထွက်သွားတဲ့မြေခွေးပေါက်လေးပုံကိုပြန်ပြန်တွေးပြီး ရယ်နေမိတာအကြာကြပင်။
ဆောနူ မင်းကအရင်တုန်းကအတိုင်း စိတ်တိုရင်ပိုချစ်ဖို့ကောင်းနေတုန်းပါလား။
............
Heesunလေးကိုဒီလိုပုံစံလေးတအားဖတ်ချင်တာမတွေ့လို့ကိုယ့်ဟာကိုပဲရေးလိုက်ပါပြီရှင်။ short storyလေးပဲဖြစ်မှာပါ။
YOU ARE READING
sunoo you look more cute when you are upset
Fanfiction"stop annoying me" "I can't .You are just too cute not to annoy"