3

375 55 5
                                    

"အို ဆောနူ တိုက်ဆိုင်လှချည်လား"

ဆောနူစားလို့သောက်လို့ပြီးလို့ မပြန်ခင်ခဏလေးထိုင်အုန်းမည်တွေးထားတဲ့အတွေးတွေဟာ ဆိုင်ထဲကိုဝင်လာတဲ့လီဟီဆွန်းကြောင့် ကြက်ပျောက်ငှက်ပျောက်ပင်။ချက်ချင်းပင် ပစ္စည်းတွေကောက်သိမ်းပြီးထပြန်ဖို့ပြင်သည်။

"ပြန်တော့မလို့လား"

"ပြန်တော့မှာပေါ့"

"ထိုင်ပါအုန်း"

"ပြန်မှာပြန်မှာ"

"နေပါအုန်းဆို"

"တော်ပြီပြန်မှာ"

"ထိုင်"

"မထိုင်ဘူး"

ထပြန်ပြေးတော့မည့်ဆောနူကိုလက်ကောက်ဝတ်ကနေအတင်းဆွဲချထိုင်ခိုင်းနေတဲ့လီဟီဆွန်းဟာဘယ်လိုကလေးဆန်မူမျိုးတုန်း။

"ဆောနူ ဒီမှာကိုယ်တို့ဘယ်လောက်ပဲ maskတွေ အုပ်ထုတ်တွေဝတ်ထားဝတ်ထား ဒါကင်ဆောနူနဲ့လီဟီဆွန်းဆိုတာသိတဲ့လူတွေကသိတယ် တွဲဖက်မင်းသားနှစ်ယောက်က တစ်ယောက်လာတာနဲ့တစ်‌ယောက်ကပြန်ထွက်သွားတယ်ဆိုတော့ ကောင်းသလားမကောင်းလားမင်းစဉ်းစားကြည့်"

ဆောနူဆိုင်ထဲကိုဝေ့ကြည့်တော့သူတို့နှစ်ယောက်ကိုအကဲခတ်နေတဲ့အကြည့်တစ်ချိူ့ကြောင့် ဟီဆွန်းပြောတဲ့အတိုင်းပြန်ထိုင်လိုက်ရတော့သည်။

"အဲ့လိုလိမ္မာမှပေါ့"

"ကျွန်တော်ကဘာထိုင်လုပ်နေရမှာလဲ"

"ကိုယ်စားတာကိုထိုင်ကြည့်ပေါ့"

"အားအားယားယား ခင်ဗျားစားတာကိုပဲထိုင်ကြည့်ရအုန်းမယ်"

ဆောနူစကားကိုဘာမှပြန်မပြောပဲ ဆောနူကိုသာမျက်လုံးတည်ကြီးတွေနဲ့လာကြည့်နေသည်မို့

"ဘာလာကြည့်နေတာလဲ"

"ပြန်တွေ့ထဲက ခင်ဗျားခင်ဗျားနဲ့နော် ဒီမတွေ့ကတဲ့နှစ်တွေအတွင်း ယဉ်ကျေးမူက 1ကနေ 0 percent ကိုလျော့ဆင်းသွားတာလား"

ဆောနူကိုပြောနေတဲ့ပုံကိုကသူ့နှတ်ခမ်းပါးလေးတွေကခပ်ဆူဆူလေးနှင့် မသိရင်စိတ်ကောက်နေတာကျနေရော။

You've reached the end of published parts.

⏰ Last updated: Sep 21, 2023 ⏰

Add this story to your Library to get notified about new parts!

sunoo you look more cute when you are upset Where stories live. Discover now