Chapter Two, Part Two

111 6 4
                                    


( English Translation က ဒီမှာတင်အဆုံးသတ်ပြီမို့ ​နောက်အပိုင်း​တွေက တရုတ်ဘာသာက​နေ တိုက်ရိုက်ပြန်ပါမယ်​နော်။ အခန်းသုံးကစပြီး Paid Groupမှာတင်မှာမို့ လာ​ပြောလို့ရပါပြီ။)

--------------------

လျန်စုန့်တစ်ယောက် ကျင်းရှန်းအိမ်တော်ကို
အငှားယူလာပါတဲ့ ထီးတစ်ချောင်းနှင့်
ပြန်ရောက်လာချိန်ဝယ် အိမ်တော်ရှိ
အခိုင်း‌‌အစေ မိန်းကလေးတွေသည် ရိရှဲ့အဆောင်ရှိရေပူစမ်းကို ပြင်ဆင်ကြပြီးဖြစ်သည်။

အသက်ပိုကြီးပုံပေါ်သည့် ထျန်ပုအမည်ရ
အစေခံမိန်းကလေးသည် လျန်စုန့်လက်ထဲရှိ
ထီးလေးကို လက်ပြောင်းယူလိုက်ပြီးနောက်
သူ့ကို နွေးသွားအောင် ဝိုင်‌ပူပူလေးတစ်ခွက်
အရင်သုံးဆောင်မလား ဒါမှမဟုတ် ရေပူစမ်းမှာ
ကိုယ်လက်သန့်စင်မလားဟူ၍ အမေးပြုလေသည်။

မိုးရွာနေတာလဲ အနည်းငယ် စဲသွားပြီဖြစ်၍
အိမ်တော်တစ်ခုလုံးအပြည့် သစ်တော်ပန်းများ
ဝေ့ဝဲလို့ပွင့်နေသည်ကို အဖြူရောင်ဝတ်
အမျိုးသားဖြစ်သူသည် တစ်ခဏ ငေးကြည့်နေပြီး

"ဝိုင်ခွက်ကို ရေပူစမ်းဆီကိုပဲ လာပို့လိုက်...
ဒီထီးကိုတော့..."

စကားသံက ခဏလေး ရပ်သွားပြီးနောက်မှ
ဆက်ဆိုလေသည်။

"နောက်နေ့ကျ အစေခံတစ်ယောက်ကို
လင်းလန်ဂေဟာဆီ ပြန်ပို့ခိုင်းလိုက်ပါ..."

တာ့ရှီမင်းဆက်မှာ ယခုလက်ရှိ အဆင်းရော
အချင်းပါ အလွန်အင်မတန် ပြီးပြည့်စုံပြီး
နာမည်ကျော်ကြားသူနှစ်ဦး ရှိချေသည်။
တစ်ဦးမှာ လက်ရှိမင်းဆက်ရဲ့ အမတ်ချုပ်ဖြစ်ပြီးဘုရင်မင်းမြတ်ထံမှ ကြီးမားသော မျက်နှာသာပေးမှုနှင့် ယုံကြည်မှုတို့ကို ရထားလင့်ကစားမွေးရပ်မြေသို့ပြန်ပြီး မုန့်အချိုဆိုင်ဖွင့်ဖို့ကိုသာဆန္ဒရှိသူတစ်ဦးဆိုလဲ မမှားပေ။ ကျန်တစ်ဦးမှာဂုဏ်သရေကြီးမားလှသော စစ်ဦးစီးမှူးချုပ်အဖြစ် ထင်ပေါ်ပြီး ကျော့ရှင်းကြည့်ကောင်းလှပါသောရုပ်ရည်သွင်ပြင်သည် နိုင်ငံတစ်ဝန်းရှိချောပေ့လှပေ့ဆိုတဲ့ ကျောင်းသားတွေကိုတောင်မှ
ကျော်လွန်ပါသည့် လက်ရှိမင်းဆက်ရဲ့
စစ်သူကြီးဖြစ်ချေသည်။

​ခြေတလှမ်းချတိုင်းမှာ ကြာပန်းတို့ပွင့်​ဝေ​​စေWhere stories live. Discover now