Kim အိမ်တော်ကြီးရဲ့မိတဆိုးလေး Kim Taehyung.. သူ့ကိုမွေးတဲ့ချိန် မီးတွင်းထဲမှာပင် ဆုံးသွားခဲ့တဲ့ မိခင်ဖြစ်သူ ကြောင့် မိခင်မေတ္တာဆိုတာကိုမရခဲ့ပေမယ့် ဖခင်ဖြစ်သူ ဥက္ကဌကြီး Kim Namjoon က တော့သားဖြစ်သူကို လိုလေသေ့မရှိအောင် ဖူးဖူးမှုတ်ထားတာကြောင့် Taehyung ဟာ ငွေကိုရေ လိုသုံးသလို ထင်တိုင်းကြဲကာ အပျော်အပါးလည်းအရမ်းမက်သည်..
အသက် 22 အရွယ်ကောင်လေးက ဘဝတိုးတက်ဖို့အတွက် ဘာကိုမှစိတ်မဝင်စားကာ အပျော် အပါးကိုသာ အားသွန်ခွန်စိုက်ပျော်ပါးလို့နေသည်..
ကျောင်းသွားဖို့ အိမ်ပေါ်ကနေ ရှိုးအပြည့်နဲ့ဆင်းလာတဲ့ Taehyung..တက္ကသိုလ်ကျောင်းသားဖြစ်သော်လည်း စာကိုရေရေရာရာမသင် တက္ကသိုလ်တက်တယ်ဆိုတာကလည်း အိမ်အပြင်ထွက်လို့ကောင်းအောင်အယောင်ပြတက်နေခြင်းသာဖြစ်သည်..
ကားသော့လေးကို လက်ညိုးလေးနဲ့လှည့်ကာ သီချင်းလေးတညီးညီးဖြင့် အိမ်ရှေ့သို့ထွက်လာတော့ ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ အဖေဖြစ်သူရဲ့ခေါ်သံကြောင့် Taehyung မှာလန့်လို့သွားသည်..
" Kim Taehyung "
" လန့်လိုက်တာ အပါးးးးးရာ"
" ငါကအဲ့လောက်လန့်ဖို့ကောင်းနေတာလား "
" မဟုတ်ဘူးလေ အပါးကလည်း ဒီချိန်က အပါး
ကုမ္မဏီသွားနေရတဲ့အချိန်လေ ခုလိုကြီး အပါးသံကြားလိုက်ရတော့လန့်သွားတာပါ ဘာလို့အလုပ်မသွားတာလည်း အပါး."" ဒီနေ့အိမ်ကိုဧည့်သည်လာမှာမို့စောင့်နေတာ "
" ဘယ်သူလည်း အပါး "
" ငါ့သူငယ်ချင်း "
" nae..အပါးသားသွားပြီ ကျောင်းနောက်ကျမှာဆိုးလို့ "
" နေအုံး ညနေဘယ်ချိန်ပြန်လာမှာလည်း အပါးမိတ်ဆွေနဲ့မိတ်ဆက်ပေးမလို့ "
" ညနေဆိုတာ အိမ်ပြန်လာတဲ့အချိန်မဟုတ်ဘူးလေ အပါးကလည်း "
" ဒီနေ့ပြန်လာခဲ့ "
" nae "
အိမ်ပြင်သိူ့ဆူအောင့်အောင့်နဲ့ထွက်လို့သွားတဲ့ Taehyung..အိမ်ပြင်ရောက်တာနဲ့မျက်နှာက တမျိုးပြောင်းကာ.