" ရော့ "
" သူဌေးလေး Kim ဒီပိုက်ဆံတွေက "
workshop ကိုရောက်လာပြီး အရင်လို Jungkook စီမလာပဲ သူဌေးရှိရာ ရုံးခန်းထဲဝင််လို့သွားတဲ့ Tae ကို မျက်မှောင်ကျုတ်ကာလိုက်ကြည့်နေတဲ့ Jungkook..
ခဏအကြာမှာ သူဌေးနဲ့ Tae စကားပြောကာ ပြုံးပြီးထွက်လာပြန်တော့ Jungkook ရဲ့ အကြည့်တို့က ပို၍စူးရှလာသည်..
"Jungkook ရေ ခဏလောက် "
" ဟုတ်ကဲ့ "
Jungkook ကို သူဌေးဖြစ်သူခေါ်လိုက်တော့ ပြုံးစိစိမျက်နှာဖြင့်ကြည့်လို့နေတဲ့ Tae..
Jungkook ကတော့ ဘာဖြစ်နေတာလည်းဆိုတဲ့ အကြည့်နဲ့သာ.." သူဌေးပြောပါ "
" Taehyung က သူ့ဂိုထောင်ကကားကို မင်းလိုက်ပြင်ပေးပါဆိုလို့ အဲ့တာ မင်းတချက် Taehyung နဲ့လိုက်သွားလိုက် "
" သူဌေး ကျွန်တော် ဒီနေ့ချိန်းထားတဲ့ကားတွေရှိတယ် သူနဲ့အခြားတယောက်ထည့်ပေးလိုက်"
" ချိန်းထားတဲ့သူတွေကို အခြားတယောက်ကိုကြည့်ခိုင်းလိုက်မယ် မင်း Taehyung နဲ့သာလိုက်သွားလိုက်စမ်းပါ ငါခိုင်းတာလုပ် မရှည်နဲ့ "
" ဟုတ်ကဲ့ "
Tae ဟာ အကြံပိုင်သွားတော့ Jungkook ကိုကြည့်နေတဲ့ ရုပ်လေးက ပြုံးစိစိ..ဒါ Tae အကြံတွေမှန်းသိနေတဲ့ Jungkook ဟာ ဘာမှဆက်မပြောတော့ပဲ Tae ခေါ်ရာနောက်လိုက်လာခဲ့တော့သည်..
Vody
ကုန်တိုက်ကားပါကင်မှာကားရပ်လိုက်တာကြောင့် Jungkook ဟာ Tae ကို လှည့်ကြည့်လိုက်တော့ တယောက်က ကားပေါ်ကနေတောင်ဆင်းလို့နေပြီ..အနောက်ကနေ လိုက်လာခဲ့လိုက်ရသည်..
"မင်းဘာလုပ်နေတာလည်း"
သူအဖေပိုင်တဲ့ကုန်တိုက်က နာမည်ကြီး CK အကျီဆိုင်သို့သွားကာ အနောက်ကပါလာတဲ့ Jungkook ရဲ့ ကိုယ်မှာတထည်ပြီးတထည်ကပ်ကြည့်ပြီး စိတ်ကြိုက်ဝယ်ပေးနေတဲ့ Tae..
အနောက်ကနေလက်ကိုလှမ်းဆွဲကာ အနားသို့ရောက်အောင်ဆွဲစောင့်လိုက်တာကြောင့် Tae ဟာ Jungkook ရဲ့ ရင်ခွင်ထဲသို့မရောက်ယုံတမယ်..
" မင်းဘာလုပ်နေတာလည်းလို့ငါမေးနေတယ်လေ "
" ခင်များကိုအကျီဝယ်ပေးမလို့လေ "