Unicode Version
!!!အောက်ပါ အကြောင်းအရာများသည်
၁၉၉၀နောက်ပိုင်းခုနှစ်ကိုအခြေခံထားသောကြောင့် LGBTကို လက်မခံနိုင်သော
အသုံးနှုန်းများ၊ရှေးရိုးစွဲမိသားစုဝါဒီများ၊သားကိုသခင် လင်ကိုဘုရား ကြောက်ရတဲ့ ဇနီးသည်တို့ရဲ့ဘဝတွေကို ရေးသားဖော်ပြမှာဖြစ်လို့.....
sensitiveဖြစ်တတ်သူများ မဖတ်ရန်
အသိပေးအပ်ပါသည်......!!!၁၉၉၂ ခုနှစ်
''ကြယ်စင်နီ''
မမကြီးရဲ့ ခေါ်သံကို ကြားမှ ဘုရားပန်းလဲနေရင်း အတွေးလွန်ပြီး နှင်းဆီဆူးစူးတာ
လက်က သွေးတွေ ကြမ်းပြင်ပေါ်
တစ်စက်စက်ကျနေတာကို ....နီ သတိထားမိတော့သည်......''အလုပ်လုပ်ရင် အမြဲသတိပေးနေရတယ်နော်... နီ.... မမကြီး စျေးကပြန်လာတာတောင်
ရှင်လေးက ဘုရားပန်းလဲတာမပြီးသေးဘူး''စျေးခြင်းတောင်းကို ထမင်းစားပွဲပေါ်
တင်လိုက်ပြီး နီ့ ကို မျက်စောင်းထိုးကာ
ဆူနေတဲ့ မမကြီးကြောင့်....နီ မျက်နှာငယ်လေးနဲ့ ဆူးစူးသွားတဲ့ လက်ကို
ဖြန့်ပြလိုက်ပြီး....''ဒီမှာ နီ့လက်ကသွေးတွေကျနေပြီ
စပ်လဲစပ်တယ်''''ဟွန်း အမြဲတစ်ခုမဟုတ်တစ်ခု ဖြစ်နေတာပဲ
ရေသေချာပြန်ဆေးလိုက် ဆေးထည့်ရမယ်''ဆူဆူပြောပြောနဲ့ ဖြစ်လာရင် ဘယ်တော့မှ
ပစ်မထားပဲ ခုအသက်၂၀အရွယ်ထိ
ကလေးတစ်ယောက်လို
ဂရုစိုက်ပေးတဲ့ မမကြီးရယ်......
လက်နဲ့ရိုက်ဖို့မပြောနဲ့ ဆူတောင်မဆူရက်ပဲ
အမြဲအရိပ်တစ်ကြည့်ကြည့် ပြုစုပျိုးထောင်ခဲ့တဲ့ လေးလေးရယ်ကြောင့်သာ.....
သူ့ကို မွေးပြီးထဲက ဆုံးသွားတဲ့ မေမေ
ပြီးတော့ မေမေဆုံးပြီးမကြာခင်မှာပဲ
နောက်အိမ်ထောင်ပြုသွားတဲ့
ဖေဖေမရှိပဲ သူ့ဘဝဟာ
လိုလေသေးမရှိ ငြိမ်းငြိမ်းချမ်းချမ်းရှိနေရတာပါ.....မွေးခင်းစ အရွယ်ထဲက
အစ်မအပျိုကြီး၂ယောက်ရဲ့
လက်ထဲမှာ စိတ်ချလက်ချထားခဲ့ပြီး
နောက်အိမ်ထောင်ပြုသွားတဲ့ ဖေဖေ့ကိုလဲ
မေတ္တာ မပျက် အငြိုးအတေးမထားဖို့
ဒီ အဒေါ်၂ယောက်ကပဲ ဆုံးမခဲ့တာပါ.....
ဖေဖေက နီ့ကို သူချစ်ရတဲ့မိန်းမရဲ့အသက်ကို
အဆုံးရှုံးခံပြီးမှ မွေးလာတဲ့ကလေးမို့
မချစ်ပေမဲ့ နောက်မိန်းမနဲ့ရတဲ့
သမီးလေးကိုတော့ တုန်နေအောင်ချစ်ပါသတဲ့......

YOU ARE READING
The Diary of Ixora
Mystery / Thriller''ဘဲကြီးကအရမ်း ဟာသတွေပြောတာပဲ ဇိုရာ့ဘဝမှာမရဘူးဆိုတာမရှိခဲ့ဖူးဘူး မရနိုင်တာ နှလုံးသားကိစ္စဆိုလဲ ဇိုရာ့ကို ပြန်မချစ်နိုင်ရင် အရှင်လတ်လတ်ငရဲကျအောင်လုပ်ပြမှာ သေပါရစေလို့ ဇိုရာ့ကို ဒူးထောက်တောင်းပန်နေရမှာ.... အသက်တွေလဲကြီးနေပါပြီ လိမ်လိမ်မာမာနေစမ်းပါ...