Part(9)

19 0 0
                                    

Unicode Version

''ဒီနေ့ မနက်မော်တော်နဲ့ အကိုလေးအမေဆီက စာပါလာတယ်''

ကိုသိန်းမောင်က သူ့ဖျင်လွယ်အိတ်အနီရောင်ထဲက စာကိုထုတ်ပေးတာကြောင့် သတိုးလဲ ယူပြီး
အမြန်ဖတ်ကြည့်လိုက်သည်......
ထုံးစံအတိုင်း ဒေဝီနဲ့အမြန်ယူဖို့ကိစ္စက ထိပ်ဆုံးကပါတာကြောင့် သတိုးမျက်မှောင်တွန့်ကာ
သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်......

စိတ်ထဲသိပ်အဆင်မပြေတာကြောင့် အပြင်ခနသွားမလို့ လို့ပြောပြီးရွာထဲထွက်လာလိုက်သည်....

နီက စာသင်ရတာတော်တော်ဝါသနာပါသလိုစိတ်လဲရှည်တာမို့....ကျောင်းပိတ်ရက်တွေမှာတောင် သူ့ကလေးတွေနဲ့ တစ်ပူးပူးတစ်တွဲတွဲ တွေ့ရတတ်သည်....
အခုလည်း ရွာထိပ်ကညောင်ပင်ကြီး
အောက်မှာ သူ့တပည့်တစ်သိုက်ကို
အဂ်လိပ်စာပုံပြင်ဖတ်ပြနေပြီး မျက်ဝန်းလေးတွေ ကြည်ကြည်လင်လင်နဲ့
တပည့်တွေကို  အသံသြသြလေးနဲ့ စာရှင်းပြနေတာကိုလည်း သတိုး ထိုင်ငေးရတာ အရမ်းသဘောကျနေမိသည်.......
နီ့ကို သာမန်ထပ်ပိုသော ခံစားချက်ရှိမရှိကို
သတိုးမသေချာပေမယ့် နီ့ အနားမှာပဲ
အမြဲရှိနေချင်သလို နီဘာလုပ်လုပ်
ငေးမောကြည့်နေခြင်းသည်သာ
သတိုးအတွက် ပိုင်ဆ်ိုင်လိုစိတ်မကြီးမားပဲ ရောင့်ရဲတင်းတိမ်နိုင်တဲ့အနေအထားသာဖြစ်ပါသည်.......
ဒီအခြေနေလေးအတိုင်းပဲ သူ့ကို ငေးကြည့်ရုံလေးသာ ကျေနပ်နေတာမို့ ဒီအခွင့်အရေးလေး မပျောက်ကွယ်စေဖို့ သတိုး မျှော်လင့်ရင်း သက်ပြင်းဖွဖွသာ ချလိုက်မိပါတော့သည်.....

...................................................................

"ကိုထွဋ် ရောက်နေတာကြာပြီလား
နီ ဒီမှာဆိုတာ ဘယ်လိုသိတာလဲ''

သတိုးရပ်ကြည့်နေတဲ့ နေရာထိလျှောက်လာကာ မေးလာတဲ့ နီ့ကို တစ်ချက်ပြုံးပြလိုက်ပြီး

''ကျောင်းဆရာလေးက ကလေးတွေရှိတဲ့နေရာမှာပဲ အမြဲရှိနေတာမဟုတ်ဘူးလား.......
နီ စာသင်တာအရမ်းဝါသနာပါတာ
ကိုယ်မြင်နေတာပဲ.....
သိပ်မရှာလိုက်ရပါဘူး နီ့ကို''

သူ့စကားကြောင့် ပြုံးတုံ့တုံ့လေးဖြစ်သွားတဲ့
ကျောင်းဆရာပေါက်စလေးကို
သတိုး အသဲယားစွာ ချစ်စနိုးလေးကြည့်လိုက်မိသည်.......

You've reached the end of published parts.

⏰ Last updated: Sep 13 ⏰

Add this story to your Library to get notified about new parts!

The Diary of IxoraWhere stories live. Discover now