King of the dark (Part 2) 🖤🤍

1.6K 23 3
                                    

BLACK &WHITE COUPLE 🖤🤍

Uni......

Black တစ်ယောက်လှည့်ကြည့်မိတော့ သူ့နောက်ကဝိုင်းမှာ White နဲ့ Night ကစကားပြောနေတာကိုတွေ့လိုက်တယ်

White ကတော့အင်္ကျီအနီရောင်တီရှပ်လေးကိုဝတ်ထားတယ် အသားဖြူသူဖြစ်လို့ လူလေးကထင်းနေတာဘဲ ပြုံးပြုံးလေးနဲ့ဘေးကတစ်ယောက်ဖြစ်တဲ့ Night ရဲ့လက်မောင်းလေးကိုမှီပြီး ချွဲနေတဲ့ပုံလေးက တကယ့်ကိုချစ်စရာလေး Night ကတော့ခန့်တဲ့ကောင်လေးပေါ့ black နဲ့လဲပုံစံခြင်းကခပ်ဆင်ဆင်ဖြစ်နေတယ် Night ကတော့အသားရောင်တီရှပ်လေးဝတ်ထားတယ် မသိတဲ့သူတွေဆိုရင်တော့ သူတို့ကိုအတွဲနဲ့မှားချင်မှားမှာ...

Black စိတ်ထဲကတွေးနေမိတယ်
(ဒီကောင်လေးအသံလေးကချိုသလောက် မျက်နှာလေးကလည်းချစ်ချင်စရာလေး နေပါအုံး ဘေးကကောင်ကဘယ်သူလဲ သူတို့ကကောဘယ်လိုတွေပတ်သတ်နေတာလဲ ငါ့ရဲ့စတော်ဘယ်သီးလေးနဲ့ အဲ့ကောင်က ချစ်သူတွေများလား)

Black တစ်ယောက်ကတော့ ခုမှစတွေ့ဘူးတဲ့ အနီရောင်ကောင်လေးကို စတော်ဘယ်ရီသီးလေးလို့ နာမယ်မှည့်ပေးပြီး သူ့အပိုင်လိုပါတွေးနေမိတော့ black သူ့ကိုယ်သူရှက်သွားမိပြီးပြုံးစိစိဖြစ်သွားသည်

ထိုအခါ black နဲ့အတူပါလာတဲ့ အတွင်းရေးမှူးလေးက

"Boss ဘာလို့ပြုံးနေတာလဲဗျ ဒီဆိုင်က စားရတာအဆင်ပြေလို့လား boss"

"အေးဆိုင်လေးကလည်းအဆင်ပြေပါတယ် ဒါပေမဲ့ငါပြုံးနေရတာ ဆိုင်ကြောင့်မဟုတ်ဘူး"

"Boss ကျတော်ကိုပြောပြလို့ရရင်ပြောပြပါ့လား ဘာလို့ဆို ကျတော် boss နားနေတာ5နှစ်လောက်ရှိပြီ ဒီလိုအပြုံးမျိုးခုမှတွေ့ဘူးလို့ပါ"

Black ကပြုံးရင်းနဲ့ပြောလာသည်

"ဟ.... ငါ့မျက်နှာကအဲ့လောက်တောင်တည်နေ
လို့လား"

အတွင်းရေးမှူးကလည်း ပြုံး"လေးကြည့်နေတော့ black က

"ငါမင်းကိုပြောပြမယ်... မင်းအနောက်ကဝိုင်းမှာ ထိုင်နေတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့လား"

"ဟုတ်တွေ့တယ်boss"

"အေးမင်းတွေ့ရင် အဲ့ထဲက အနီရောင်ဝတ်ထားတဲ့ကောင်လေးအကြောင်းကို စုံစမ်းပေး အမြန်ဆုံးနော် ဒီနေ့မဟုတ် မနက်ဖြန်ရအောင်စုံစမ်းလာခဲ့"

အမှောင်သခင် (King of the dark) Where stories live. Discover now