Part 3

1.3K 17 0
                                    

Unicode...

At airport✈️ (6:00AM)
" အဖြူကောင်လေး ဂရုစိုက်သွားနော် ရောက်တာနဲ့ vc တန်းခေါ်လိုက်"

"အင်းပါ ပထမအကြိမ် oversea ထွက်တာလဲမဟုတ်ဘဲနဲ့ကို"

"ပထမအကြိမ်မဟုတ်ပေမဲ့ ဒီတခါက Night လည်းမပါဘူး နောက်ပြီး Canada ကလည်း အဖြူလေးအတွက် ပထမဆုံးခရီးလေ"

"အင်းပါ ကျတော်က 21ပြည့်တော့မှာပါနော် ကလေးမဟုတ်တော့ပါဘူး"

"အင်းပါသွားတော့ DEP လည်းနီးနေပြီကို"

"ဟုတ်သွားပြီနော်"

White လည်း Night ကိုနှုတ်ဆက်ပြီး လေဆိပ်ထဲဝင်သွားပြီး check in counter ကိုဆက်သွားလိုက်သည်

"Boss ကျတော်ဟိုမှာအကုန်ပြင်ဆင်ထားပြီးပါပြီ"

"အင်းကောင်းပြီ ဒါဆိုငါသွားတော့မယ်"

"အော်... Boss... "

Black ကပြောဆိုသည်သဘောနဲ့ ကောင်းညိမ့်ပြတော့

"ဒီနေ့ boss စုံစမ်းခိုင်းထားတဲ့ ကောင်လေးလည်း Canada သွားမယ်ကြားတယ် boss ...
Flight လည်း တစီးထဲဖြစ်မယ်boss... "

"အင်းကောင်းပြီ ဒါဆိုသွားတော့မယ် မင်းသေချာစီ စဥ်ထားပေးတယ်မှတ်လား"

"ဒါပေါ့ boss...😁 "

Black ကို dark ကပြုံးပြုံးလေးဖြေလိုက်တယ် black ကတော့တန်းစီစရာမလိုပါဘူး dark ကအားလုံးအဆင်သင်လုပ်ထားပေးတော့ flight ပေါ်တတ်လိုက်ရုံပါဘဲ black အနေနဲ့ဆို economy မှာထိုင်စရာအကြောင်းမရှိပါဘူး သို့သော် စတော်ဘယ်ရီသီးလေးနဲ့နီးရဖို့အရေး ရန်ကုန်ဘန်ကောက်ကိုတော့ economy ဘဲစီးခဲ့ရတယ် ဟိုဘက်ရောက်မှ 2ယောက်လုံး  business စီးကြမှာပါ...
(မြန်မာကနေ Canada ကို direct flight မရှိတာမို့ Bangkok ကနေတစ်ဆင့်စီးရမှာဖြစ်ပါတယ်...)

Flight ပေါ်ကို white ရောက်လာတော့ black ရောက်နှင့်နေပါပြီ ဒါက black တမင်ကြံစီထားတာပါ...🌚

Flight ပေါ်ရောက်တာနဲ့အကောင်ပေါက်လေးက စကားအရင်ပြောရတော့တာပေါ့...

"အကိုခင်ဗျ..."

Black က အနက်ရောင်ကုဒ်အင်္ကျီဘောင်းဘီရှည် gentleman style ကြီးနဲ့ဆိုတော့ ကလေးကအကိုလို့ ခေါ်လိုက်တာပါ...
အကောင်ပေါက်လေးကတော့ hoddy အဖြူရောင်လက်ရှည်လေးနဲ့ အောက်ကစတိုင်ပင်လေးနဲ့ဝတ်ထားပြီး ဂုတ်မှာလည်း နားချက်လေးကိုချိတ်ထားတော့ တကယ့်ကလေးလေး ပုံစံလေးနဲ့ပေါ့

အမှောင်သခင် (King of the dark) Where stories live. Discover now