ဒီနေ့မှရာသီဥတုကလည်း မိုးတွေရွာလို့ကျောင်းသွားချိန်ကလဲနီးနေပြီ အိမ်မှာကလဲထီးတွေ တစ်ချောင်းမှာမရှိစိတ်ပျက်ဖို့ကောင်းလိုက်တာ လိုပြီဆိုအမြဲတမ်းမရှိဘူး
"အကို...နင်မျက်နှာကလဲဟယ် "သံဆွဲကြီးနဲ့ပြောနေသောကြောင့်နောက်သို့လှည့်ကြည့်မိတယ်"ဘာဖစ်နေလို့လဲ ငါ့ဘာသာငါ"
"ကျစ်"
ဘာ!သူခု"ကျစ်"လို့စုတ်သပ်ပီးမျက်ကွယ်ပြုလိုက်တာလားအကြီးကိုအကြီးလို့မမြင်ဘူး အငယ်လို့သာပြောတာအမြဲတမ်းငါကြီးဘဲခံနေရတာ ဟင့်
"သွားမှာလားမသွားဘူးလား"
"မိုးရွာနေတယ်လေ မမြင်ဘူလား"
"ဟူး"လို့လုပ်တော့ဘာလဲဆိုတဲ့အကြည့်နဲ့
တစ် ခါတစ်လေကိုယ်ကဘဲအားကိုးရမလားရှိသေးတယ် သူကကိုယ့်ထက်ပိုဆိုးနေတယ်လူကိုကြည့်တော့လဲဖြူဖြူဖွေးဖွေးလေ ယောကျာ်းလေးလို့ပြောရအောင်နုလိုက်တာက ကိုယ်ထက်ကိုလွန်းရော်အငယ်နဲ့စကားနိုင်လုရတာလဲအမောအခုလဲကြည့်လေ အံဩလိုက်တာ
"ကျောင်းပြေးချင်နေတာလား မိုးကဖြစ်ရွာတာနှမ်းလောက်ဘဲရှိတာ အပိုတွေလုပ်မနေနဲ့သွားမယ်"
မျက်နှာကိုစိုက်ကြည့်နေသောညီမကြောင့်နည်းနည်းတော့ရှိန်မိတယ်
"ဒါနဲ့နှမ်းလောက်ဆိုနည်းနည်းကြီးသေးတယ်လေ"
"အကို"လို့အော်ပီနောက်တစ်ခါစုတ်သပ်မိပြန်ပီ
ဒီလိုနဲ့မောင်နှာမ နှစ်ယောက်လမ်းခုလတ်တစ်ေနရာမှာမုန့်ဝယ်ပီထွက်လာခဲ့ကျတယ်ခုတလောအမေနေမကောင်းဖြစ်နေလို့သူတို့အတွက်ဘာမှမပြင်ဆင်ပေးနိုင်ဘူး လေ အစာစားသောက်ကဂျီးမများတော့ ပြသာနာမရှိ တစ်ခါတစ်လေ ဆေးရုံးသွားခိုင်းရတာလဲအမော အမေတစ်ယောက်ဘဲရှိတာကို ပြောရခက်လိုက်တာ တွေးနေတုန်းမကြာဘူးအတွေးနဲ့အတူကျောင်းကိုရောက်လာခဲ့ပီ"အကို ကျောင်းခန်းထဲသွားတော့မယ်နော် "
"အင်း"ညီမဖြစ်သူကိုနှုပ်ဆက်ရင်ကျွန်တော်ပါထွက်လာခဲ့တော့တယ် ကျောင်းခန်းထဲဝင်မည်အပြု