Ep 1

15.5K 1K 487
                                    

#Unicode

ကျောင်းဝန်းထဲသို့ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီး။
ထိုဆိုင်ကယ်ပေါ်ကနေ ဆင်းလာသူက Jeon Jungkook...

အရာအားလုံးက ပုံမှန်အတိုင်းသာ ။
ထူးဆန်းတာတစ်ခုက ထိုဆိုင်ကယ်ပေါ်မှာ Kim Taehyung ဆိုတဲ့ကောင်လေးပါမလာခြင်း ။

Jeon Jungkookလို့ပြောလိုက်သည်နှင့် အားလုံးက Kim Taehyungကိုပါပြေးမြင်ကြသည်အထိ ရင်းနှီးကြတဲ့ best friendတွေ...

"Han Somi မလား?"

နာမည်ခေါ်သံကြောင့် Somi၏ ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည် ။ ဒါက သူမရဲ့ Crushလေး Jeon Jungkook ရဲ့အသံဆိုတာ သူမ မှတ်မိသည်လေ ။
အလျင်အမြန်ပင်လှည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။

"ရော့..."

သူမရဲ့ ကံဇာတာတွေတတ်နေသည်ထင်ပါရဲ့..
Crushလေးက စာပေးနေသည်တဲ့ ။
ရင်ခုန်လွန်းလို့ ရူးတော့မည်ထင်သည် ။
ဒီလိုခေတ်ကြီးထဲမှာ စာပေးသည်က အရမ်းနိမ့်မနေဘူးလား ။
သို့ပေမဲ့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသည် ။
စာလေးကိုကြည့်၍ Somi ရှက်ပြုံးလေးပြုံးလိုက်၏ ။

"နင့်အရှေ့ခုံက Kim Taehyungကိုပေးလိုက်..ok"

ပြောပြီး လှည့်ထွက်သွားတဲ့ Jungkookကြောင့် သူမရဲ့ရင်ခုန်သံတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်သွားရသည် ။
စာက သူမအတွက်မဟုတ်ဘဲ သူ့သူငယ်ချင်း Kim Taehyung အတွက်တဲ့လား ....
ဗရုတ်သုတ်ခတွေးပြီး သာယာနေတာတောင် နင်သွားရ၏ ။

Somi လဲ စာလေးကိုကိုင်၍ အတန်းထဲကို အောင့်ဆောင့်ကာပင်ဝင်လာခဲ့လိုက်သည် ။

"Jungkookကပေးလိုက်တာ.."

ဖုန်းသုံးနေတဲ့ Taehyungရဲ့ရှေ့တွင် Jungkook ပေးလိုက်တဲ့စာကိုချပေးလိုက်သည် ။ ထို့နောက် သူမ တာဝန်ကျေသွားပြီမို့ နေရာမှာသာထိုင်လိုက်သည် ။

အတန်းဖော်ကောင်မလေး လာပေးတဲ့စာကို Taehyung တစ်ချက်ကြည့်ရင်းပြုံးလိုက်သည်။ ထို့နောက် ဖွင့်ဖတ်လိုက်၏ ။စာထဲမှာရေးထားသည်က

//မင်းရဲ့ အတွင်းခံတွေကိုဖောက်ထားတာက ငါဟုတ်တယ်။ နောက်တစ်ခါငါ့ရှေ့မှာ တခြားကောင်တွေနဲ့အတွင်းခံအကြောင်း မဆွေးနွေးနဲ့//တဲ့ ။

From Best Friend To Bed Friend(Completed)Where stories live. Discover now