#Unicode
ကျောင်းဝန်းထဲသို့ဝင်လာသည့် Jungkook၏ခြေလှမ်းတွေက ပုံမှန်ထက်ပိုပြီး သွက်လက်နေခဲ့သည် ။
မျက်နှာကလည်း အချိုတွေလောင်းထားသကဲ့သို့ ချိုမြနေလေ၏ ... ပြုံးရယ်နေလိုက်တာများ တစ်လောကလုံးကို အပိုင်စားရထားသလိုပင် ။
အကြောင်းအရင်းကတော့ Taehyung၏လက်ကိုဆွဲ၍ အတူလမ်းလျှောက်နေရခြင်းကြောင့်ဖြစ်သည်။"Han Somi? "
ရုတ်တရက်လှမ်းခေါ်တဲ့ Crushလေး Jungkookရဲ့အသံကြောင့် Somi၏ ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည် ။
ဆံပင်ကို အလျင်အမြန်သ၍ Crushလေးကို အထာပေးရသေး၏ ..."ငါနဲ့ Kim Taehyungကတွဲနေတာ!"
ရုတ်တရက် အဆက်အစပ်မရှိဘဲပြောလာတဲ့စကားကြောင့် Somiမှာ နင်သွားရသည်။
သူမရဲ့နာမည်ကိုခေါ်လိုက်တာက နှစ်ယောက်သားတွဲနေတာကို ကြွားဖို့တဲ့လား?
Crushကအသားလွတ်ကြီး သူ့ရည်းစားကိုကြွားသွားတာမို့ ရင်ထဲမှာအောင့်သက်သက် ။
Somi ဘာမှပြန်မပြောနိုင်ဘဲ စွန့်အကာ ကျန်နေရစ်တော့သည် ။"Yarr.... ဒီနေ့သူတို့လက်တွဲလာကြတယ်! ဒါကြီးက ထူးဆန်းတယ်မို့လား ! သူငယ်ချင်းတွေနဲ့မတူဘူး "
Jungkook နဲ့ Taehyung ရဲ့အကြောင်းကို အသည်းအသန်စိတ်ဝင်စားနေတဲ့ BBCအဖွဲ့ဝင် Yu Naက စကားစလိုက်သည် ။
Mi Jiနဲ့ So Youngကတော့ သူတို့ဆီလျှောက်လာနေတဲ့ Jungkookနဲ့ Taehyungကို ဒီအတိုင်းသာကြည့်နေလိုက်သည် ။"နင်တို့သုံးယောက် ဘာကြည့်နေကြတာလဲ။ငါက Taehyungနဲ့တွဲနေတာ ။ Taehyungကငါ့ကောင်လေးပဲ"
ထင်မှတ်မထားတဲ့Jeon Jungkook ရဲ့စကားကြောင့် သူမတို့သုံးယောက်လုံးကြောင်သွားသည်။
ဘာမှလည်းမမေးမိဘဲJeon Jungkookက အသားလွတ်ကြီးကြွားသွားခဲ့တာဖြစ်၏။
သူမတို့နောက်ယောင်ခံနေတဲ့ကိစ္စကြီးကို ကာယကံရှင်ကိုယ်တိုင်က ဖွင့်ပြောသွားတာမို့ ပါးစပ်အဟောင်းသာဖြင့်သာကျန်နေခဲ့တော့သည် ။"Jungkook ... မင်းဘယ်လိုဖြစ်နေတာလဲ။ ဘာဖြစ်လို့တွေ့သမျှလူတိုင်းကို လျှောက်ပြောနေတာလဲ ။ မင်း မရှက်ဘူးလား!"
Jungkook မရှက်ပေမယ့် Taehyungကတော့ အတော်လေးပင်မျက်နှာပူနေပြီဖြစ်သည် ။ ကျောင်းဝန်းထဲဝင်ကတည်းက တွေ့သမျှလူတိုင်းအား ကြော်ငြာဝင်နေတဲ့ Jungkook ကိုလည်း Taehyung မနိုင်တော့ပေ ။
![](https://img.wattpad.com/cover/352813228-288-k654173.jpg)
YOU ARE READING
From Best Friend To Bed Friend(Completed)
FanfictionJEON JUNGKOOK X KIM TAEHYUNG #Warning -18 Plus Start Date-23.9.2023 End Date-