Ep 14

3.8K 313 32
                                    

#Unicode

ရေကန်အသင့်ကြာအသင့်ဖြစ်နေခဲ့သည့် Taehyung တို့နှစ်ယောက်လုံး ဘွဲ့ရသည့်နေ။ဘွဲ့ဝတ်စုံလေးတွေဖြင့် ကြည့်လို့ကောင်းနေသည်မှာ မငြင်းဆန်နိုင်သည့်အမှန်တရား။
ပြောလို့ပြောတာမဟုတ် Taehyung တို့နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းအောင်ချော၏။
အခုလည်း Taehyung တို့နှင့်တွဲ၍ဓာတ်ပုံရိုက်ချင်ကြသည့် ကျောင်းသား၊ကျောင်းသူများမှာ ဒုနဲ့ဒေး ။ Taehyung နှင့် Jungkookက  Popular ကျောင်းသားတွေဖြစ်သည့်အလျောက် အဲ့ဒီလိုမျိုး Fanတောင့်သည်။

"Jungkook oppa... ဒီဘက်ကိုနည်းနည်းကြည့်ပါအုံး ။ လက်ကလေးရောကိုင်မယ်နော်"

လိုတာထက်ပိုလာကြသည့်ကျောင်းသူများကြောင့် Taehyung ၏စိတ်မှာမကြည်ချင်တော့ပေ ။ Jungkook နားကမခွာကြဘဲ အသားယူနေကြသည်မှာလည်း မြင်မကောင်း။ Kim Taehyung၏ သည်းခံစိတ်ကို စမ်းသပ်နေကြ၏ ။
Jeon Jungkookရဲ့ပိုင်ရှင်က Kim Taehyung ဆိုတာ မသိကြလေသလား ။
စိတ်ထဲမှာ ဒေါသအဟုန်ကြောင့် မီးဟုန်းဟုန်းတောက်နေခဲ့ပေမယ့် မျက်နှာကတော့အပြုံးမပျက် ၊ ပေါက်ကွဲလို့မဖြစ်သည်မို့ ငြိမ်နေရ၏ ။

"Taehyung oppa... Jungkook oppaကိုခဏငှားမယ်နော်"

ဒေါသထွက်နေသည့် Taehyungကို ပိုတိုး၍ဒေါသထွက်အောင် ဆွပေးနေကြ၏။ ကျောင်းသူလေးက Taehyungကိုခွင့်တောင်း၍ Jungkook၏လက်ကို ပိုင်စိုးပိုင်နင်းဆွဲကာ ဓာတ်ပုံ အရအမိရိုက်နေသည် ။Jungkook ရဲ့ပြုံးဖြီးနေတဲ့မျက်နှာကို မမြင်ရသေးခင်အထိတော့ Taehyung စိတ်အဆင်ပြေနေသေး၏ ။ စိတ်လိုလက်ရပြုံးရယ်ကာ ကျေနပ်နေပုံရတဲ့ Jungkook၏မျက်နှာကြောင့် Taehyung စိတ်ကိုထိန်းမထားနိုင်တော့ပေ ။

တောက်ခေါက်၍ ပြုံးဖြီးနေတဲ့ Jungkookအား ဆောင့်တွန်းပစ်လိုက်သည်။ ရုတ်တရက်ကြီးမို့ Jungkook ဖင်ထိုင်လျက်လဲကျတော့၏ ။
Taehyung လည်း ခုနကခွင့်တောင်းသွားသည့် ကျောင်းသူအား ခပ်စေ့စေ့ကြည့်၍

"အပိုင်ယူထားလိုက်တော့"

Taehyung ပြောချင်ရာပြော၍ နေရာကနေထထွက်လာခဲ့လိုက်သည် ။
Taehyung ကိုယ့်ကိုယ်ကိုယ် အခုလောက်အထိ သဝန်ကြောင်တတ်လိမ့်မည်ဟု မထင်မိခဲ့ ၊ သို့ပေမဲ့ လူစားထိုးခံရသလို Taehyung ပေါက်ကွဲလာမိသည် ။
Jeon Jungkookက အရမ်းချစ်ပေးခဲ့လို့ Taehyung ဆိုးလာလေသလား ။

From Best Friend To Bed Friend(Completed)Where stories live. Discover now