Jisoo တို့ Jennieမှာ ကိုယ်ဝန်ရှိနေတာကိုသိရတာ နှစ်လ ရှိသွားပါပြီ
Jennieနဲ့ Jisooတို့ရဲ့မိဘတွေက လက်ခံပေးကြပြီး အချစ်ဆုံးသူငယ်ချင်းတွေကလည်း သူမတို့ကို ပံ့ပိုးပေးကြတဲ့
အတွက် အရမ်းဝမ်းသာရပာတယ်ပထမကတော့ Jennieက ကောလိပ်တက်တဲ့အခါ သူမကို
ဝေဖန်ပြောဆိုကြမှာကို ကြောက်နေခဲ့တယ်မျှော်လင့်ထားသလိုပဲ သူမတို့ နည်းနည်းတော့ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရတာပေါ့
သူမတို့ ခက်ခက်ခဲခြဲဖတ်သန်းခဲ့ရပြီးနောက်မှာ Jennieရဲ့
ဗိုက်ကလေးက နည်းနည်းလေးထွက်လာတော့Jisoo နဲ့သူမကတော့ ကြည့်ပြီးပျော်နေကြတယ်လေ ဘာလို့ဆိုမကြာခင် သူမတို့ ကလေးက ဘာလေးလဲဆိုတာကိုသိရတော့မှာမို့ပါ
အခု Jisooကရေချိုးနေပြီး Jennieကတော့ ကုတင်ပေါ်မှာလှဲအိပ်နေတယ်
ဒီနေ့သူမ အရမ်းပင်ပန်းနေတယ် ဒီနေ့က သူမအတွက် အဆင်မပြေတဲ့နေ့တစ်နေ့ပဲ ကျောင်းစတက်ကတည်းက
အော်ရီယို ပေါင်မုန့်နဲ့ တူနာငါးကိုစားချင်နေခဲ့တယ် ဒါဟာ
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတစ်ခုမှန်း Jennieလည်းသိပါတယ် ဒါပေမဲ့
သူမအတွက်အဆင်ပြေမနေဘူး အထူးသဖြင့် အတန်းတက်နေစဉ်အတွင်းမှာပေါ့ကောလိပ်ကနေပြန်ရောက်တာနဲ့ Jisooက Jennieစားချင်နေတဲ့ အစားအစာတွေကို မီးဖိုချောင်ထဲ
ဝင်ပြီးချက်ပြုတ်ပေးတယ် Jisoo Jennieရဲ့ဘေးမှာရှိနေတာက အရမ်းကိုကံကောင်းသည်
သူသာမရှိဘူးဆိုရင် Jennieတစ်ယောက်တည်း ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးတွေးရင်းနဲ့ မျက်ရည်တွေစီးကျလာမှ Jennieကိုယ့်ကိုကိုယ် ငိုနေမှန်းသတိထားမိတယ် သူမ Jisooအကြောင်းတွေးရင်းငိုနေမိတာဘဲ ခနကြာတော့ Jennieလည်းပင်ပန်းပြီး အိပ်ပျော်သွားခဲ့တယ်
Jennieနိုးလာတော့ သူမနဖူးမှာနူးညံတဲ့အရာတစ်ခုကိုခံစားလိုက်ရတယ် Jennieမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ Jisooက
Jennieရဲ့နဖူးကိုနမ်းနေတာကိုတွေ့ရတယ်'' Chu... ဘာလုပ်နေတာလဲ...''
''Ohh..sorry Baby နိုးသွားတာလား Chuက Jenကို နမ်းချင်လာလို့ပါ....''
YOU ARE READING
❣Teen Parents❣
Historia Corta'ကျောင်းမပြီးသေးဘဲနဲ့ ကိုယ်ဝန်ရသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ' Jensoo😘 Fanfiction Translation Fic ပထမဆုံးဘာသာပြန်တဲ့ Ficဖြစ်တာမို့ အမှားပါရင်ခွင့်လွှတ်ပါ ဒီFicလေးကိုကြိုက်လို့ Tranလိုက်တာပါ ကျန်တဲ့ Ficတွေကတော့ Authorကိုယ်တိုင်ရေးတာပါ🖤