အပိုင်း 18

293 41 6
                                    

"ရမ် ရှင့်ကိုလာရှာတော့မလို့ပဲ"
ဆယ်လာက ခပ်တောင့်တောင့်အပြုံးလေးဖြင့်
ရမ်ဆီသို့ခပ်သွက်သွက်လေးလျှောက်သွားသည်။

အခုချက်ခြင်း သူမကသူဆီမသွားရင်သတ်ပွဲတစ်ခုဖြစ်သွားတော့မည်ကို အာရုံရနေသည်။

ရမ်တစ်ယောက် ဆယ်လာကသူ့လက်ကိုလာဆွဲမှ
သူစိတ်သူလျော့လိုက်သည်။

ရမ်၏မျက်နှာက သိပ်မကြည်လင်ဖြစ်နေသော်လည်း သူမဆွဲခေါ်ရာနေရာသို့လိုက်ပါလာဆဲပင်။

"ရမ် ဒီမှာကြည့်ပါအုံး ရှင့်အတွက် ကျွန်မအထူးကင်ထားတဲ့အသားကင်။ကျွန်မတို့မျိုးနွယ်မှာသိပ်နာမည်ကြီးတာ"
ဆယ်လာက သိုလှောင်နေရာက ဘူးတစ်ဘူးကိုထုတ်ယူလိုက်တော့သည်။

"ခုနကသူတို့ကိုပေးလိုက်တာကလည်း မင်းတို့ဆီမှာ နာမည်ကြီးတဲ့အကင်ပဲလား"
ရှာလကာရည်နင်နေသည့် ရမ်ကမကျေမနပ်မေးသည်။

"ဘယ်ဟုတ်ပါ့မလဲ ဒါကရှင်တစ်ယောက်တည်းအတွက် အထူးအသားကင်ရှင့်။သူတို့ကိုအသား ကင်ပေးတာက အားနာလို့ပါ။ကျွန်မသာအပြင်လျှောက်မထွက်ရင် သူတို့ညကြီးကင်းစောင့်နေရမှာမဟုတ်ဖူးလေ"
ဆယ်လာက မျက်နှာငယ်လေးဖြင့် ရမ်ကိုရှင်းပြသည်။

သူမ၏အသံလေးကြောင့် ရမ်ခင်ဗျာမနာလိုနေသည့်စိတ်လေးများပင် လွင့်စင်ထွက်သွားရကာ
သူမကိုပွေ့ဖက်ထားလိုက်သည်။

"အဲ့တာ ဘာလို့မင်းကြောင့်ဖြစ်ရမှာလဲ ဆယ်လာရယ်။စွန့်ပစ်သားရဲတွေကဆောင်းရာသီတိုင်း
ရွာကိုချောင်းမြောင်းတက်ကြတာပါ။ဒါ့ကြောင့်
၀မ်းနည်းမနေပါနဲ့ကွာ"
ရမ်က သူ့ရင်ခွင်ထဲကကောင်မလေးကို နှစ်သိမ့်ပေးနေရှာသည်။

ကောင်မလေးက သူ့ကြောင့်လို့ထင်ပြီးအပြစ်ခံစားနေရလို့ ထိုသားရဲအစုတ်အပြတ်များကို
အသားကင်လုပ်ပေးခြင်းဖြစ်သည်။
သူ့အမလေးက စိတ်သဘောထားကောင်းသည်ကို သူသိလေရာအဘယ်ကြောင့်အပြစ်တင်နိုင်ပါမည်နည်း။

တကယ်တော့ ဆယ်လာက၀မ်းနည်းနေခြင်းတော့လုံး၀မဟုတ်ပါ။သူမကရမ်ကိုချော့မော့ချင်ခြင်းသာဖြစ်သည်။သို့သော် ရမ်ကသာ သူမကိုပြန်ချော့နေသည်။

သားရဲကမ္ဘာမှ ချစ်ရသူမြေခွေးလေးDonde viven las historias. Descúbrelo ahora