〰️ အရိပ်ပမာ 〰️
〰️ကိုယ်ရဲ့အရိပ်၊ စိတ်ရဲ့အရိပ်၊ ကံတရားရဲ့အရိပ်
အရိပ်တွေဟာ ကိုယ့်နောက်ကိုလိုက်တယ်၊ စိတ်နောက်ကို လိုက်တယ်၊ ကံတရားရဲ့နောက်မှာကပ်ပါလာတတ်တယ်။ ငါ့ရဲ့အရိပ်က ဘယ်မလဲ၊ မင်းရဲ့အရိပ်က ဘယ်မှာရှိသလဲ။ ငါက အရိပ်လား၊ မင်းက အရိပ်လား။〰️အချစ်ဟာ ပြိုင်ပွဲတစ်ခုမဟုတ်ခဲ့ပေမဲ့
မျဥ်းပြိုင်နှစ်ကြောင်းဟာ ဆုံမှတ်တစ်ခုဆီဦးတည်နေခဲ့တယ်..
ပထမဆုံးလူဟာ ပန်းဝင်ကြိုးကိုဆွဲလိုက်ချိန်မှာပဲ
ဒိုင်လူကြီးက တတိယလူကို အောင်နိုင်သူအဖြစ်ကြေညာခဲ့ပြီးပြီ...
ဒီပွဲမှာ ဘယ်သူကနိုင်ပြီး ဘယ်သူကရှုံးခဲ့သလဲ..
မင်းလား... ငါလား...
ပထမလူက ဘယ်သူလဲ..တတိယလူက ဘယ်သူလဲ..
မင်းလား... ငါလား...
သူ့ရဲ့အရိပ်အစစ်က ဘယ်သူလဲ..
မင်းလား... ငါလား...စဝ်မင်းထင်လက်ျာ<>ပန်းမြတ်ခေါင်
YOU ARE READING
LIKE THE SHADOW
Horrorကျွန်တော် သူမကို ထိုမျှထက်မက ချစ်ခဲ့ပါသည် ထိုမျှထက်မက မြတ်နိုးခဲ့ပါသည် ဤစစ်မှန်သော ချစ်ခြင်းတရားကြောင့် ကျွန်တော်၏ အချစ်ဖြင့် သူမ နွေးထွေးပါစေ ကျွန်တော်၏ အရိပ်ဖြင့် သူမ အေးချမ်းပါစေ ကျွန်တော်သည် သူမအတွက် အမြဲထာဝရ အရိပ်ပမာ.. ...