ခေါ်သံသဲ့သဲ့ဟာ တဖြေးဖြေးနီးကပ်လာသည်။
" သားရေ..သား "
အမြဲတမ်းဒီအသံပဲ ကြားနေရတယ်။
ထိုအခိုက် တံခါးကိုဖွင့်၍ ဝင်လာသော အမေသည်
ရောင်ခြည့်အား ခနကြည့်နေသည်။ ထို့နောက်အနားသို့လာပြီး
ညင်သာစွာစောင်ကိုဖယ်လိုက်၏။ ရောင်ခြည်သည်မှေးမှိန်သောမျက်လုံးများဖြင့် ခနမော်ကြည့်လိုက်သည်။ အမေ့ရဲ့ပုံစံဟာ မူမမှန်သည်ကိုသတိထားမိသွားသည်။ ပြီးနောက်ထပြီး ၁မိနစ်ခန့်ထိုင်ပြီးနောက် အောက်ထပ်မှလေသံသဲ့သဲ့ဟာ ရောင်ခြည့်နားကိုတိုးဝေ့လျက်။ ထိုင်ရာကထပြီး တံခါးဝနားမှ
အောက်ထပ်သို့ ကြည့်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် အမေ့အားကြည့်၍မေးလိုက်သည်။" အမေ အောက်ထပ်မှာ ဘယ်သူရောက်နေတာလဲ? "
ရောင်ခြည်ရဲ့မေးခွန်းဟာ အမေ့ကိုပြောင်းလဲသွားစေခဲ့။ အမေ့မှာတိတ်ဆိတ်သွားပြီး..တစ်ခုခုကိုဖုံးကွယ်ထားပုံပေါ်၍
ဝမ်းနည်းမှုဟာ အမေ့ရဲ့အသံမှာရောယှက်နေခဲ့။ ပြီးမှစကားလမ်းကြောင်းလွှဲကာပြောလိုက်သည်။" ကဲဒီကောင်လေးကတော့..သွားသွား သွားတိုက်မျက်နှာသစ်ပြီး အောက်ကိုဆင်းလာခဲ့..သားအဖေစောင့်နေတယ် "
ရောင်ခြည်သည်ခနတွေဝေလျက် ၁မိနစ်၂မိနစ်၃မိနစ်ကြာမှ
အောက်ကိုဆင်းလာ၏။ အိင်္ကျီမှာ လက်တိုအပြာဖြစ်ပြီး ခပ်ပွပွဖြစ်နေသည်။ ဘောင်းဘီမှာ အဖြူရောင်အကျပ်ဖြစ်သည်။ ခပ်ပွပွအိင်္ကျီကြောင့် အရပ်ပုသလိုဖြစ်နေပြီး ခလေးဆန်နေသည်။" ကဲလာပါပြီတော်..ရောင်ခြည်လာ ဒီမှာထိုင်သား "
ထိုနေရာမှအကြည့်များသည် ရောင်ခြည်ဆီရောက်လာ၏။ တည်ငြိမ်သောသူစိမ်းဦးလေးကြီးသည် ရောင်ခြည့်အားစူးစိုက်စွာကြည့်နေခဲ့။ ရောင်ခြည်ကလည်း အဖေနဲ့အမေထက်သူစိမ်းဦးလေးကြီးကို ကြည့်နေခဲ့သည်။ ရောင်ခြည့်စိတ်ထဲ တွင်ထူးဆန်းပြီး သိချင်လိုစိတ်သာပြင်းပြနေ၏။
ငါဒီဦးလေးကြီးကို တစ်ခါမှမမြင်ဖူးပါဘူး။
အဖေမှာရောင်ခြည့်အား ကြည့်နေသည်။ ပြီးမှအဖေဟာ ခပ်မာမာအသံနှင့် ရောင်ခြည့်ကိုပြောပြီး အသံမှာမိခင်လောက် ဝမ်းနည်းခြင်းမရှိသော်လည်း အဖေသည်ဝမ်းနည်းမှုကို ဖုံးကွယ်ထားပုံပါ။

YOU ARE READING
" canola " ပန်းလေးသဖွယ်
Hombres Lobo" ရောင်ခြည့်နှလုံးသားကို အကိုအသုံးမလိုတော့တဲ့အခါ နှင်းခဲထဲမှာ မြုတ်ခဲ့ချင်လည်းခွင့်လွှတ်ခဲ့ပါတယ်.." " ဒါပေမဲ့အကိုရယ် အကို့အတွက်ပေးတဲ့ ရောင်ခြည့်နှလုံးသားကို..တစ်ခြားတစ်ယောက်ကိုပေးဖို့ထိတော့ ခွင့်မပြုနိုင်ဘူးအကို.." " ရောင်ခြည်လည်းလူပါ အကိုရယ်..တိမ်...