အပိုင်း (၄)✨🔮

14 0 0
                                    


"ဆန္ဒရာ "မိုရ်" "
Part-4✨🔮

ရန်သူတွေ အရှေ့ဖက်ကိုသာအာရုံစိုက်နေခိုက် "ဓီ" နဲ့ ဦးလေးမိုးနက်တို့ ခြေကိုဖော့ကာ အသံလုံလုံဖြင့် အိမ်အတွင်းသို့ အနောက်ဖက်တံခါးမှတဆင့် ချဉ်းကပ်ဝင်ရောက်လာခဲ့ပြီး အလစ်ငိုက်တိုက်ခိုက်ကြသည်

" တောက်ခ်.......အသင်တို့နှင့်မဆိုင်ပဲ ဝင်မပါလေနှင့်

အသင့်မှာ ဤသို့ပြောပိုင်ခွင့်မရှိ....အဝီစိငရဲသို့သာ သွားပေတော့....."

"ဓီ"က ရန်သူ့ခေါင်းဆောင်နှင့် နောက်လိုက်တပ်သားတို့အား ချေမှုန်းတိုက်ခိုက်နေစဉ် ဦးလေးမိုးနက်က "မရတ္တ"ရွာအကြီးအကဲနှင့် အဖမ်းခံထားရသူအမျိုးသားနှင့် အမျိုးသမီးအား ဂါထာရွတ်ဆို၍ ကြိုးကိုဖြည်ကာ ဘေးလွတ်ရာသို့ ကယ်ထုတ်သွားခဲ့သည်

" အသင့်ကို ကျွန်ုပ်၏ဓားချက်အောက်မှာ ကျိန်းသေပေါက် အသက်ဇီဝိန်ချုပ်ငြိမ်းခွင့်ပေးမယ်
ကလေးအရွယ်ပဲရှိသေးသည့် အသင်က ကျွန်ုပ်လို စစ်သူကြီးကို အနိုင်ယူနိုင်မည်ဟု ထင်နေတာ မှားနေပြီ

ရန်သူကို အထင်သေးတာဟာ မိမိကိုယ်ကိုယ်ကို သေတွင်းထဲတွန်းပို့နေတာနဲ့ အတူတူပဲဆိုတာ အသင့်ကို ကျွန်ုပ်လက်တွေ့ပြမယ်

လာလေရော့ ........."

ရန်သူ့တပ်၏‌ ခေါင်းဆောင်ဖြစ်သူစစ်သူကြီးက "ဓီ့"ထံ ဓားကိုလှည့်၍ ပြေးလာသည်မို့ "ဓီ" ကိုယ်ကိုလှည့်လိုက်ပြီး ဓားကို ပုံစံပြောင်း၍ အားနှင့်ထိုးစိုက်လိုက်သည်မှာ စစ်သူကြီး၏ကျောပြင်သို့ဖြစ်သည်
ထို့နောက် စစ်သူကြီး၏ခြေထောက်နှစ်ဖက်စလုံးကို မလှုပ်နိုင်အောင် ထိုးနှပ်ခဲ့ပြီးသည့်နောက် "ဓီ"လည်း အိမ်ထဲမှ အမြန်ထွက်လာခဲ့လိုက်သည်
ကြမ်းပြင်၌ အသက်ကိုလုနေရသည့် စစ်သူကြီးအား အခုမှရောက်လာသည့် ရန်သူ့တပ်သားများက ထိတ်လန့်စွာ တွေ့လိုက်ရသည်

" စစ်သူကြီး....
စစ်သူကြီး.....သတိထားပါဦးဗျ

အမြန်....အမြန်လိုက်ကြ ထွက်....ထွက်ပြေးသွားတဲ့ရန်သူတွေနောက်ကို လိုက်ကြ ကျွန်ုပ်...ကျွန်ုပ်ကို စိတ်မပူလေနှင့်...

" ဆန္ဒရာ "မိုရ်" ✨🔮Where stories live. Discover now