Unicode
ငါအမြင် အာရုံဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ်နီးပါးရှိပြီ ၊ အဲ့နေ့က ငါအိပ်ယာထဲမှာ ပုစွန်ထုပ်လိုကွေးနေခဲ့တယ် ၊ အပြင်ဘက်မှာလဲ မိုးတွေကသည်းလို့ ၊ ငါ့လည်ပင်းကလည်း တစ်စုံတစ်ယောက်ကအားနဲ့ ညှစ်ထားသလို နာကျင်နေတာ ညီးသံတောင် မထွက်နိုင်ဘူး ၊ မျက်ခွံတွေကလဲ ပူကျစ်နေပြီး လေးလံနေတယ်။
အခန်းထဲဝင်လာတဲ့ခြေသံတိုးတိုးလေးတွေကို ကြားလိုက်တယ် ၊ အမေ ဆရာဝန်နောက်တစ်ယောက်ခေါ်လာပြန်ပြီထင်ပါတယ် ။ အဲ့ဆရာဝန်က ငါ့ကို စမ်းသပ်တယ် ၊ သူပြောတာတော့ အပြင်းဖျားတာတဲ့ မကြာခင်ပျောက်သွားလိမ့်မယ်တဲ့ ပြီးတော့ မျက်ခွံတွေကိုလက်နဲ့ ဖွင့်ပြီး ဓာတ်မီးအသေစားလိုဟာလေးနဲ့ ထိုးကြည့်လာတယ် ။ အဲ့အလင်းရောင်က ငါနောက်ဆုံးမြင်ခဲ့ရတဲ့ အလင်းရောင်ဘဲ ရက်ပိုင်းလောက်ကြာတော့ အဖျားနဲ့အတူ ငါ့အမြင်အာရုံလဲ ပျောက်ကွယ်သွားခဲ့တယ်။
ငါအရမ်းကြောက်ခဲ့တာ အမှောင်ထဲမှာ အမြဲတစ်ယောက်ထဲလိုလိုဖြစ်နေခဲ့တာကြောင့်ပေါ့ ၊ အသံကြားနေပေမယ့်ငါမမြင်ခဲ့ဘူး ၊ လေတိုက်သံ ၊ သစ်ကိုင်းတွေတစ်ခုနဲ့တစ်ခုပွတ်တိုက်မိတဲ့အသံတွေ အလွန်သေးငယ်တဲ့အသံလေးတွေကအစ ငါကြားနေရတယ်။
ငါ့ခြေလှမ်းတွေကို ငါမယုံကြည်တော့ဘူး ၊ ငါခြေလှမ်း နှစ်လှမ်းလောက်လှမ်းလိုက်ရင်အရာဝတ္ထုတစ်ခုခုနဲ့ တိုက်မိတယ်၊ မတော်တဆထိခိုက်မှုများလာတာကြောင့် ငါ့ခန္တာကိုယ်မှာ မနာကျင်တဲ့နေရာမရှိသလောက်ဘဲ ၊ အရမ်းနာတာဘဲ ၊ အမေကတော့ ငါဒဏ်ရာတွေကို ဆေးလာလာ လူးပေးပြီးပြောရှာတယ် " တစ်ခုခု ခိုင်းစရာရှိရင် အမေ့ကိုခေါ်ပါသားရယ် " တဲ့ အမေ့အသံက ငါနောက်ထပ်ထိခိုက်မိမှာစိုးနေတဲ့ ပုံပေါက်တယ်။ ငါဘယ်လိုလုပ်အမေ့ကိုခိုင်းရက်ပါ့မလဲ ၊ အိမ်ထောင်ဝန်ကို တစ်ယောက်ထဲ ခါးစည်းခံနေတဲ့အပြင် အသုံးမကျတဲ့ မျက်မမြင်သားကိုပါ လုပ်ကျွေးနေရတယ်လေ ငါအမေ့ကို မပင်ပန်းစေချင်တော့ဘူး။
တစ်ခါတစ်လေ ငါလောကကြီးကိုအရှုံးပေးပြီး သေသွားပစ်လိုက်ချင်တယ် ၊ အဲ့လိုအချိန်မျိုးဆို ငါအသက်ရှင်ဖို့ အတွက်ရုန်းကန်ပေးနေတဲ့ အမေ့ကိုပြေးမြင်မိပြီး သေချင်ပေမယ့် မသေရဲခဲ့ဘူး၊
YOU ARE READING
One shot Collection
Romanceစိတ်ကူးပေါက်တဲ့ ဇာတ်ကြောင်းအကျဉ်းလေးတွေ ချရေးခြင်းဖြစိပါသည်။